မူပိုင်ခွင့်လုံးဝမပေးထား ဘဲ MRTV မှာ အောက်တန်းကျစွာ နဲ့ သူ့သီချင်း ကို ထုတ်လွင့်ခဲ့ တဲ့ တက္ကသိုလ်လဲ့လဲ့ကို ဒဲ့ဖြဲလိုက်တဲ့ အဆိုတော် လင်းနစ်…

ပရိတ်သတ်ကြီးရေ အဆိုတော်လင်းနစ်ကိုတော့ ဒီဇင်ဘာည သီချင်းနဲ့ ပရိသတ်ကြီးက ကောင်းကောင်းသိကြမယ်ထင်ပါတယ်နော်။ ဒီကနေ့မှာတော့ အဆိုတော်လင်းနစ်က တက္ကသိုလ်လဲ့လဲ့တို့ရဲ့ ဒီဇင်ဘာည သီချင်းနဲ့ပတ်သက်ပြီး မူပိုင်ခွင့်တောင်းရာကနေ တင်းမာမှုအခြေအနေတွေဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

“ဒီဇင်ဘာည” သီချင်းကို MRTV တွင် သီချင်းပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ သီဆိုထုတ်လွှင့်ခဲ့သည့် အ​ပေါ် ခွင့်မပြု​ကြောင်း အဆိုပါသီချင်းပိုင်ရှင် အဆိုတော်လင်းနစ်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားတာပဲဖြစ်ပါတယ်>။ယင်းသီချင်းကို သီဆိုထုတ်လွှင့်မည့်အကြောင်းကိုအဆိုတော် တက္ကသိုလ်လဲ့လဲ့က ၎င်းထံ မက်ဆင်ဂျာမှတစ်ဆင့် ခွင့်တောင်းခဲ့သော်လည်း ၎င်းဘက်က ခွင့်မပြုခဲ့ကြောင်း ၎င်းတို့နှစ်ဦးပြောထားသည့် Screen Shot များနှင့်အတူ အသိ​ပေးထားခြင်းဖြစ်သည်။

ဒီဇင်ဘာည သီချင်းကို ဖေဖော်ဝါရီ ၁၈ရက်က MRTV ၏ ဖျော်ဖြေမှုအစီအစဉ်တစ်ခုတွင် ရေဂျီးနားဆိုသည့် အမျိုးသမီးက သီချင်းပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ သီဆိုခဲ့တာပဲဖြစ်ပါတယ်နော်..။

crd Cele Cele

Add a Comment

Your email address will not be published. Required fields are marked *