စားဝတ်နေရေးအတွက် အလုပ်ပြန်လုပ်တော့မှာမို့လို နားမလည်နိုင်လဲ အပြုသဘောဆောင်ပါ ဆိုတဲ့ အဆိုတေ် ရွှေထူး

အဆိုတော် ရွှေထူး ကတော့ သူကိုယ်တိုင်ခံစားရေးဖွဲ့ပြီး သီဆိုထားတဲ့ သီချင်းတွေကတော့ ပရိသတ်တွေအားလုံးလက်ခံအားပေးကြပြီး လူငယ်ပရိသတ်တွေကြားထဲမှာ အတော်လေးနာမည်ကြီး ရေပန်းစားခဲ့တာပါပဲနော်။ ဒါအပြင် ရွှေထူး ဟာ အဆိုဘက်မှာတော်လွန်းတဲ့အပြင် သရုပ်ဆောင်တဲ့နေရာမှာလဲ ထူးချွန်တာကြောင့် ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူ ရွှေထူး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပက်ပက်စက်စက်ညို့” ဇာတ်ကားကြီးကလဲ အောင်မြင်မူ့တွေ ရရှိခဲ့ပါသေးတယ်နော်။ လူမူ့ကွန်ယက်ပေါ်ကနေ အတော်ကြာပျောက်နေခဲ့တဲ့ အဆိုတော် ရွှေထူး ကတော့ ပရိသတ်တွေကို အခုလိုပဲပြောလာပါတယ်။

အဆိုတော် ရွှေထူး ကတော့ စားဝတ်နေရေးအတွက် အလုပ်ပြန်လုပ်တော့မှာကြောင့် နားလည်ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။ ” 2021 Feb 1 ရက်နေ့ ထဲက အနုပညာကြေးယူပြီးသား အလုပ်ကြွေးတွေ … ပေးစရာရှိတဲ့ သီချင်းကြွေးတွေကိုရော ဘာမှမလုပ်ပဲရပ်လိုက်တာ အချိန်ကာလ တစ်ခုရှိခဲ့ပြီ … လာသမျှအလုပ်တွေလည်း ငြင်းလွှတ် လုပ်ချင်စိတ်မရှိသေးလို့ ဆန်မရှိောက်စားကြီးပြီး လက်မခံခဲ့တာလည်းများလှပြီ … ခု ကျွန်တော့် စားဝတ်နေရေးအရရော … ကျွန်တော့်ကိုမှီခိုနေတဲ့ သူတွေအတွက်ရော နည်းနည်းချင်းပြန်ပြီး လုပ်ပေးရမှာမို့ … အလုပ်ကလေးနည်းနည်းလောက်ပြန်လုပ်မယ်နော် … နားလည်ပေးလို့ရရင်နားလည်ပေးပါဦးနော် …

နားမလည်နိုင်လဲ အပြုသဘောဆောင်ပြီး ဆူချင်လည်းဆူပါ ခံပါ့မယ်ဗျာ … ပြည်သူနဲ့ ပရိသတ်မျက်စိစပါးမွှေးစူးစေမယ်ကိစ္စမျိုး …ပြည်သူနဲ့ ပရိသတ် သဘောမတူမယ့်အလုပ်မျိုးကို တစ်ခုမှမလုပ်ဖူးဆိုတာ ယုံပေးပါခင်ဗျာ … ဒီကာလမှာလဲ ခုချိန်ထိ မျက်စိနောက်အောင်လည်း မနေခဲ့ဖူးပါခင်ဗျာ P.S ( မျက်ရည်လုံးဝ လုံးဝမခြူပါ ) အလွှာအသီးသီးကလူတွေ စားဝတ်နေရေးအရ အလုပ်တွေပြန်လုပ်နေကြတာမြင်တော့ အားကျလို့ဗျာ … “လို့ ရွှေထူး ဟာ သူ့ရဲ့လူမူ့ကွန်ယက်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် ရွှေထူး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ရင် အားပေးလိုက်ကြပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *