ဟန်ငြိမ်းဦးရဲ့ သတင်းပေးမှုကြောင့် ချမ်းချမ်း၊ မောင်မောင်အေး တို့ ရဲ့ အိမ် များ ချိတ်ပိတ်ခံ လိုက်ရကြောင်း သတင်းထွက်ပေါ်





crd

အဆိုတော်ချမ်းချမ်း၊ မောင်မောင်အေးတို့၏ နေအိမ်များကို ချိတ်ပိတ်လိုက်ပြီ အာဏာသိမ်းပြီး တစ်နှစ်ကျော် သည်အထိ လူထုဆန့်ကျင်မှုကို နည်းမျိုးစုံသုံးကာ အကြမ်းဖက်ဖြိုခွင်းနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏

အာဏာသိမ်းစစ်ကောင်စီက အဆိုတော် ချမ်းချမ်းနှင့် မောင်မောင်အေးတို့၏ နေအိမ်များကို ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် ချိတ်ပိတ်ကြောင်း သိရသည်။ ပြည်သူ့ဆန္ဒကိုဆန့်ကျင်၍

အာ ဏာသိမ်းထားသည့်အဖွဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာ သိစသိမ်းသည့်နေ့မှစ၍ ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းနေရာတွင် နေအိမ်နှင့် ပိုင်ဆိုင်မှုများအား

မတရားချိတ်ပိတ် သိမ်းဆည်းခြင်းများကိုပါ လုပ်ဆောင်နေခြင်းဖြစ်သည်။ အာဏာသိမ်းအဖွဲ့သည် နိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် စစ်တပ်ကို အသုံး ပြု၍ ၎င်းတို့အား ဆန့်ကျင်သူများကိုအကြမ်းဖက် ဖမ်းဆီး သတ်ဖြတ် တိုက်ခိုက်ခြင်းအပြင် မတရားအမှုဖွင့်ခြင်း၊ နေအိမ်များအား ချိတ်ပိတ်ခြင်းများဖြင့် လူထုအား ခြိမ်း ခြောက်မှုများပါ လုပ်ဆောင်နေခြင်းဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *