တစ်မိနစ် (၁)သိန်းခွဲနဲ့ အမျိုးသားထုကြီး အတွက် သူမဖွင့်လစ် လုပ်ကိုင်တော့မဲ့ အလုပ်ကြောင်း ပြောပြလာတဲ့ မအေးသောင်း

အေးဝတ်ရည်သောင်း ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်ပွင့် လင်းလင်း ပြောဆိုတတ် တာကြောင့် ပရိသတ် တွေများစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူ လေးဖြစ်ပါတယ်။ အသက် သုံးဆယ်ကျော် အရွယ်ရှိပြီ ဖြစ်တဲ့ အေးဝတ်ရည်သောင်းက သူမရဲ့ ချစ်သူကို တရားဝင်ချ ပြထားပေမယ့် အခုအချိန်ထိ အိမ်ထောင်ပြုမယ့် ကိစ္စကို ပြောကြားထား ခြင်းမရှိ သေးပါဘူး။

ပရိသတ်တွေ ကတော့ မအေးသောင်းရဲ့ အနုပညာ လုပ်ငန်းတွေအပြင် သူမရဲ့အိမ်ထောင်ရေး ကိုလည်း စိတ်ဝင်တစား ရှိကြတာပဲ ဖြစ်ပါတယ်။ အပျိုကြီး ပီပီစကားပြော တတ်ဆို တတ်လွန်းတဲ့ အေးဝတ်ရည်သောင်းက ဒီကနေ့မှာ လည်းရည်းစား စကား လာပြောကြတဲ့ ပုရိသ အမျိုးသားတွေကို သူ့အလိုလို နောက်ဆုတ် သွားအောင် ပညာသားပါပါ နဲ့ငြင်းဆို ခဲ့တာကို တွေ့ရပါတယ်။

ဘအေးဝတ်ရည်သောင်းကအလုပ်အသစ် လက်ခံနေပါ ပြီနော်။ ရည်းစားစကား ပြောရင် နားထောင်ပေး ပါတယ်။ တစ်မိနစ် ၁သိန်း ခွဲပါနော်။ ညလုံးပေါက် ပြောလဲ နားထောင်ပေးနေပါပြီ။ ကြိုတင်ဘိုကင် ယူလိုက်ပါတော့။” ဆိုပြီး စစ နောက်နောက်နဲ့ ပြောလာတာ ပဲဖြစ်ပါတယ်။ အေးဝတ်ရည်သောင်း ကတော့ သူမကို ရည်းစား စကားပြောကြတဲ့ပုရိသတွေကို တစ်မိနစ် ပြောရင် တစ်သိန်းခွဲ ဆိုပြီး အရွှန်းဖောက် ပြောလာတာ ပဲဖြစ်ပါတယ်။ ရည်းစားစကား အပြောခံရ လွန်းတဲ့ မိန်းမချော လေးတွေလည်းအေးဝတ်ရည်သောင်းရဲ့ နည်းလမ်းကို သဘောကျ ကြမယ် ထင်ပါတယ်နော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်နော်။

crd

Add a Comment

Your email address will not be published. Required fields are marked *