မင်းသမီးချောလေးနဲ့ အစွံထုတ်သွားပြီဖြစ်တဲ့ အကယ်ဒမီမင်းသား ပရဟိတသမားကြီး ဝေဠုကျော် တို့ ဇနီးမောင်နှံရဲ့ (ရုပ်/သံ)

ဝဠုကျော် ဆိုတာကတော့ မြန်မာရုပ်ရှင်လောကမှာ နာမည်ကောင်းနဲ့ သတင်းမွေးလှတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အနုပညာ အလုပ်တွေ အပြင် ပရဟိတ အလုပ်တွေကိုပါ အားကြိုးမာန်တတ်လုပ်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ ယခုနောက်ပိုင်းမှာတော့ ပရဟိတအလုပ်တွေကို ပိုမိုအသားပေးပြီး လုပ်လာတာလည်းဖြစ်ပါတယ်။ လူပျိုကြီးတစ်ယောက်ဖြစ်တဲ့ သူဟာ အိမ်ထောင်ပြု ဖို့ စိတ်ကူးရှိတယ်ဆိုပြီးတော့လည်း MC နဲ့ အင်တာဗျူးတစ်ခုမှာပြောကြားထားပါတယ်။

သူအနေနဲ့ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိကြောင်း၊ သူအိမ်ထောင်ဖက်ကလည်း အနီးအနားမှာတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။ အိမ်ထောင်ပြဖြစ်သွားနိုင်သလို၊ လူပျိုကြီးဘ၀နဲ့လည်း အရိုးထုတ်သွားနိုင်ကြောင်း ရင်ဖွင့်ပြောကြားခဲ့ပါတယ်။သူအနေနဲ့ ရတာမလို၊ လိုတာမရတဲ့ မတင်မကျအခြေအနေမှာ ရောက်နေကြောင်းကိုလည်း ဆိုပါတယ်။ ဇနီးလောင်းရွေးချယ်ရေးဟာ အင်မတန်မှ ခက်ခဲလှကြောင်း၊ မိမိကို ပါရမီဖြည့်ပေးနိုင်တဲ့ မိန်းမ တစ်ယောက်ကိုသာ ရွေးချယ်သွားမှာပါတဲ့။

သူရဲ့ ဖူးစာဖက်ဟာ အနုပညာသည်တွေထဲကလည်းဖြစ်နိုင်သလို၊ ပရဟိတရပ်ဝန်း၊ ဒုက္ခရောက်နေတဲ့သူတွေထဲကလည်း ဖြစ်နိုင်ပါတယ်လို့ အရွန်းဖောက်လိုက်ပါသေးတယ်။ အတိအကျပြောဖို့တော့ ယခုအချိန်မှာ စောသေးတယ်ဆိုပြီး လူပျိုကြီး ဝေဠုကျော်ကပြောကြားခဲ့ပါတယ်။ သူအနေနဲ့ ပရဟိတကို ယခုထက်ပိုပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ကတိပေးခဲ့ပါတယ်။လူပျိုကြီး ဝေဠုကျော် တစ်ယောက် ချစ်သောသူနဲ့ အမြန်ဆုံးပေါင်းဖက်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ပရဟိတနဲ့ အနုပညာကို စွမ်းစွမ်းတမံလုပ်သွားနိုင်ပါစေလို့ ပြောချင်လွန်းလို့မှ ဆုတောင်ပေးလိုက်ရပါတယ်။နှစ်ဖက်သောမိဖများ၏သဘောတူခွင့်ပြုအရလက်ထပ်ထိမ်းမြားမင်္ဂလာပွဲကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ ဝေဠုကျော် +ရေကြည်ချမ်းမြကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်

vidoe by
Sunday Journal

Credit : nanmalgyi

Add a Comment

Your email address will not be published. Required fields are marked *