၇ရက်သားသမီး စီးပွားဥစ္စာ အညွန့် တလူလူတက် ငွေဝင်လာဘ်ပေါများစေ ရန် အစီရင်
|ငွေဝင်လာဘ်ပေါများစေရန်အစီရင်မိတ်ဆွေများအားလုံးမင်္ဂလာပါ။၇ရက်သားသမီးများ ပုံမှန်ဝင်ငွေတိုးပြီး လက်ရှိစီးပွားရေးပုံပျက်မသွား ထိန်းထိန်းသိမ်းသိမ်းဖြင့်ရှေ့ ဆက်နိုင်စေဖို့ယတြာတခုတင်ပေးပါ့မယ်။
တနင်းလာနေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်း မိမိအိမ်ကဘုရားကျောင်းမှာ ပန်းကန်ပြားတချပ်၏ အလယ်တွင်ထုံးဖြင့် “ဝ”ပုံကွင်းပါ။ထုံးကွင်းပေါ်တွင် လစ်ပိုပုလင်းတလုံးတင်ပါ။ပန်းကန်ပြားပေါ် လက်ဖက် ၄ပုံတင်ပေးပါ။
လစ်ပိုပုလင်းပေါ်ဖယောင်းတိုင် အဖြူ ၁တိုင်ထွန်းပြီး ပုတီး ” ဥုံ ဧဟိလာဘံ ဧဟိဓနံ ဧဟိဧဟိ ” ၃ပတ်စိပ်ကာ စီးပွားရေးအဆင်ပြေစေကြောင်းဆုတောင်းပါ
နေ့စဉ် ဖယောင်းတိုင် ထွန်းပုတီးစိပ်ဆုတောင်းခြင်းပြုလုပ်ပေးရပါ့မယ်။၁၈ရက်တိတိပြုလုပ်ကာ နောက်နေ့နံနက်ပိုင်းတွင် လက်ဖက်များကို နီးစပ်ရာအပင်ကြီးရဲ့အခြေမှာစွန့်ပါ။ လစ်ပိုပုလင်းကို အိမ်ကမိသားစုအသုံးမပြုရပါ။ အပြင်လူတဦးဦးအား ပေးလှူပါ။၇ရက်သားသမီးများ စီးပွားဥစ္စာအညွန့်တလူလူတက်ပါစေဗေဒင်နှင့်လက္ခဏာပညာရှင်
ဆရာချမ်းမြေ့အောင် 09779213136