သွယ်လျနေတဲ့ ခန္ဓာကိုယ်လေးရဲ့ ကောက်ကြောင်းလေးတွေပေါ်လွင်နေတဲ့ စံရတီမိုးမြင့်ရဲ့ အမိုက်စားပုံရိပ်များ
unicode
မင်းသမီးချောလေး စံရတီမိုးမြင့် ဟာ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသ မီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ စံရတီမိုးမြင့် က ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိနေခဲ့ပြီး အနုပညာအလုပ်တွေကိုလည်း အကောင်းဆုံးကြိုးစား လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က ရိုးရှင်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင် ထားပြီး သွယ်လျလှပတဲ့ ကိုယ်ခန္ဓာလေးနဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။
လတ်တလောမှာလည်း ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရပေမဲ့ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လည်း ချစ်စရာပုံလေးတွေကို ဖော်ပြပေးပါတယ်။ ဒါ့အပြင် စံရတီမိုးမြင့်က အားကစားလုပ်တာ ဝါသနာပါတာကြောင့် အားတဲ့အချိန်လေးမှာ gym ဆော့ကစားတာကို တွေ့ရပါတယ်။ ယခုမှာလည်း စံရတီမိုးမြင့်က gym ဆော့ကစားရင်း ပရိသတ်တွေအတွက် အလွမ်းပြေအောင် ပုံလေးတွေတင်ပေး လာပါတယ်။
ဒီပုံထဲမှာတော့ ဆွဲဆောင်မှုရှိရှိကျစ်လျစ်တဲ့ ကိုယ်လုံးလေး ကို ပြသခဲ့တဲ့အပြင် ပရိသတ်တွေကို တရင်းတနှီး စကားတွေပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စကားပြောနေတဲ့ ပုံစံလေးကလည်း ချစ်စရာကောင်းနေပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကလည်း အထင်းသားပေါ်လွင် နေခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ မင်းသမီးချောလေး စံရတီမိုးမြင့် ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။
photo- San yati Moe Myint