ကိုယ်လုံးလေးကို အပီအပြင် လှုပ်ခါပြီး ခပ်မိုက်မိုက် ပုံစံလေးကနေတဲ့ နန်းခင်ဇေယျာ ရဲ့ ဗီဒီယိုဖိုင်
unicode
အခုဆိုရင်လည်း နန်းခင်ဇေယျာဟာ workout တွေကြိုးစားလုပ်ရင်း အားလပ်ချိန်လေးမှာ ရေပန်းစားနေတဲ့ Tik Tokလေးတွေကို ရိုက်နေတာဖြစ်ပါတယ်။ နန်းခင်ဟာ လက်ရှိမှာအရမ်းနာမည်ကြီးနေတဲ့ သီချင်းလေးတွေနဲ့ ကိုယ်လုံးလေးကို ယမ်းခါပြီး အမိုက်စား ကနေတာပါနော်။ မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ Miss International တစ်ယောက်အနေ နဲ့ ပရိသတ်တွေ အားပေးမှုရ ရှိပြီး အောင်မြင်လာခဲ့သူလေးဖြစ်ပါတယ်
သွယ်လျလှပတဲ့ ကိုယ်လုံးသေးသေးလေးနဲ့ ချစ်စရာအပြုံး ချိုချိုလေးတွေကြောင့် ပုရိသ တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်တဲ့သူလေး တစ်ယောက်ပါနော်။နန်းခင်ဟာ ရုပ်ရှင်ကားကြီးတွေ နဲ့ ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးနေရတဲ့သူလေးဖြစ်ပြီး အောင်မြင်မှုရရှိထားတဲ့ မင်းသ မီးတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူးနော်
။နန်းခင်ဇေယျာဟာ အနုပညာ အလုပ်တွေအပြင် အချက်အပြုတ်ပိုင်းမှာလည်း ထူးချွန် တာကြောင့် “Nang-Just A Taste” ဆိုတဲ့ နာမည်နဲ့ ပင်လယ်စာဗန်း၊ အထောင်းဗန်း၊ အသုပ်စုံ၊ မာလာရှမ်းကော၊ အချဉ်ပေါင်းတို့ကို ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေမှာ အောင်မြင်ရုံသာမကစီးပွားရေးဘက်မှာပါ အောင်မြင်နေတဲ့သူလေး ဖြစ်တဲ့ အပြင် Missလည်းဖြစ်တာကြောင့် သူမရဲ့ ဘော်ဒီအမိုက်စားလေးအတွက်လည်း workoutတွေ အမြဲလုပ်လေ့ရှိသူပါ။
Photo credit-Nang Khin Zayar’s Facebook page
Add a Comment
Your email address will not be published. Required fields are marked *