ရုပ်ရှင်ထဲမှာ သမ္မတနေရာသရုပ်ဆောင်ရင်း အပြင်မှာပါ တကယ့်ယူကရိန်းသမ္မတဖြစ်လာ သူ မင်းသားဟောင်းဇီလင်စကီး
|ရုပ်ရှင်မင်းသားဟောင်း ဗိုလိုဒီမီယာ ဇီလင်စကီး ဟာ ၁၉၉၇ ခုနှစ်တွင် အခြားသရုပ်ဆောင်များ နဲ့ အတူ ဟာသအဖွဲ့ Kvartal 95 ကို ဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ခုနှစ်တွင်အဆိုပါအဖွဲ့သည် ရုပ်မြင်သံကြားအစီအစဉ်များကို စတင်ထုတ်လုပ်ခဲ့ပါတယ်။
2015 ခုနှစ်တွင် မင်းသားဟောင်း ဇီလင်စကီးဟာ သမ္မတရာထူးလမ်းကြောင်းပေါ် ပို့ဆောင်ပေးမယ့် အခန်းကဏ္ဍကိုစတင်သရုပ်ဆောင်ခဲ့ရပါတယ်။ Servant Of the People ပြည်သူတို့၏ အစေခံ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ သူဟာ ကျောင်းဆရာ Vasyl Petrovych Holoborodko အဖြစ် အကျင့်ပျက် နိုင်ငံရေးသမားများကို တိုက်ဖျက်ချင်တဲ့ ဆန္ဓရှိတဲ့နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။
2018 ခုနှစ်တွင် Zelenskyy သည် စစ်မှန်သောနိုင်ငံရေးသို့ ရုတ်ခြည်းပြောင်းရွှေ့ခဲ့ပြီး ပြည်သူ့ကျေးကျွန်ပါတီအောက်တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြောင်း ကြေညာခဲ့ပါတယ်။ ကျင့်ပျက်ခြစားမှုကို နှိမ်နင်းပြီး ဗဟိုအစိုးရကို မြှင့်တင်မည်ဟု ကတိပြုထားသောကြောင့် ၎င်း၏ သဘောထားသည် ၎င်း၏ TV ဇာတ်ကောင်နှင့် ဆင်တူနေတာပဲဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ စင်မြင့်ပေါ်ကနေ မဲအရေအတွက် 73% ကျော်ကို အပြတ်အသတ်အနိုင်ရပြီး ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရခဲ့ပါတယ်။
အခုဆိုရင်တော့ မင်းသားဟောင်းဇီလင်စကီး ဟာယူကရိန်းသမ္မတအဖြစ် ရုရှားနှင့်စစ်ဖြစ်ပွားနေတဲ့ နိုင်ငံကို ဦးဆောင်သူဖြစ်နေရပြီလို့ NPR သတင်းဌာနကသတင်းရေးသားထားတာကိုတွေ့ရှိရတာပဲဖြစ်ပါတယ်။
Crd to CeleOnly