ျပည္သူ႔ဘက္သို႔ ေျပာင္းလာသူ ဒုတိယဗိုလ္မႉးႀကီး ၃ ဦးတြင္ ႐ုရွားျပန္ အဏူျမဴ မဟာ ဘြဲ႕ရ နည္းပညာကြၽမ္းက်င္သူပါဝင္

အၾကမ္းဖက္စစ္ေကာင္စီတပ္က ျပည္သူကို သတ္ျဖတ္ေနေသာ လုပ္ငန္းစဥ္ မ်ားႏွင့္ မင္းေအာင္လႈိင္၏ အာဏာ ႐ူးမႈ အေျခအေနကို မႀကိဳက္ႏွစ္သက္ ေတာ့ ၍ ျပည္သူ႔ဘက္သို႔ ခိုလႈံလာေသာ ဒုတိယဗိုလ္မႉးႀကီး ၃ ဦး ရွိေနၿပီး ယင္း တို႔ထဲတြင္ ႐ုရွားျပန္ အဏူျမဴ မဟာ သိပၸံဘြဲ႕ရ ႏွင့္နည္းပညာ ဆိုင္ရာ ကြၽမ္း က်င္သူ ပါဝင္ေၾကာင္း ရန္ကုန္ေခတ္သစ္က စုံစမ္းသိရွိရသည္။

“အဏူျမဴေဗဒေပါ့။ ႏူကလီးယားေပါ့။ မဟာသိပၸံဘြဲ႕ရ ႐ုရွားျပန္ တစ္ဦးပါတယ္။ ပညာရွင္လို႔ ေျပာလို႔ရ မရေတာ့ မသိဘူး။ ဒုတိယဗိုလ္မႉးႀကီး ရာထူးက” ဟု ရန္ ကုန္ ေခတ္သစ္၏ သတင္း ရင္း ျမစ္က ေျပာသည္။ရွမ္းျပည္နယ္၊ နမ့္စမ္ေလတပ္စခန္းဌာနခ်ဳပ္မွ တပ္ၾကပ္တစ္ဦး စစ္ေကာင္စီ ကို ဆန႔္က်င္ကာ ျပည္သူႏွင့္ရပ္တည္လာေၾကာင္း၊ နမ့္စမ္ ေလတပ္ စခန္း ဌာနခ်ဳပ္၊ အမွတ္-၃၅ ကင္းေထာက္ေလယာဥ္အုပ္ ဖစ္တာေလယာဥ္

(ကိုယ္ ထည္) လုပ္ငန္းမွ တပ္ၾကပ္ေဝလ ျပည္သူ႔ပန္းတိုင္အဖြဲ႕၏ ခ်ိတ္ဆက္ေပးမႈျဖင့္ လြတ္ေျမာက္နယ္ေျမတေနရာသို႔ ေဖေဖာ္ဝါရီ ပထမအပတ္အတြင္းက ခိုလႈံ လာခဲ့ ေၾကာင္း ျပည္သူ႔ပန္းတိုင္အဖြဲ႕က သတင္းထုတ္ျပန္သည္။

“႐ိုးသားခ်င္ေယာင္ေဆာင္ၿပီး မ႐ိုးသားမႈေတြၾကားထဲမွာ ျပည္သူေတြပိုင္ဆိုင္တဲ့ ဥစၥာပစၥည္းကို ပုဒ္မေပါင္းမ်ားစြာတတ္ၿပီး အတင္းအဓမၼယူ၊ ရက္စက္စြာ ညည္းပန္းႏွိပ္စက္ၿပီး ေသေလာက္တဲ့ထိ အျပစ္ေပးတဲ့ တပ္မေတာ္ မွာမေန ခ်င္လို႔ ခုလို CDM ဝင္ေရာက္ရျခင္းျဖစ္ပါတယ္။ စစ္ေဆးရင္း ေသသြားရင္ ေတာင္ ဗ်ဴ ဟာမႉး အိပ္ေရးပ်က္မွာစိုးလို႔ မနက္မွ သတင္းပို႔ပါဆိုတာ ႀကဳံခဲ့ ရေသးတယ္ဗ်” ဟု တပ္ၾကပ္ေဝလက ျပည္သူ႔ပန္းတိုင္သို႔ ေျဖၾကားသည္။

KTM

unicode

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူကို သတ်ဖြတ်နေသော လုပ်ငန်းစဉ် များနှင့် မင်းအောင်လှိုင်၏ အာဏာ ရူးမှု အခြေအနေကို မကြိုက်နှစ်သက် တော့ ၍ ပြည်သူ့ဘက်သို့ ခိုလှုံလာသော ဒုတိယဗိုလ်မှူးကြီး ၃ ဦး ရှိနေပြီး ယင်း တို့ထဲတွင် ရုရှားပြန် အဏူမြူ မဟာ သိပ္ပံဘွဲ့ရ နှင့်နည်းပညာ ဆိုင်ရာ ကျွမ်း ကျင်သူ ပါဝင်ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

“အဏူမြူဗေဒပေါ့။ နူကလီးယားပေါ့။ မဟာသိပ္ပံဘွဲ့ရ ရုရှားပြန် တစ်ဦးပါတယ်။ ပညာရှင်လို့ ပြောလို့ရ မရတော့ မသိဘူး။ ဒုတိယဗိုလ်မှူးကြီး ရာထူးက” ဟု ရန် ကုန် ခေတ်သစ်၏ သတင်း ရင်း မြစ်က ပြောသည်။ရှမ်းပြည်နယ်၊ နမ့်စမ်လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး စစ်ကောင်စီ ကို ဆန့်ကျင်ကာ ပြည်သူနှင့်ရပ်တည်လာကြောင်း၊ နမ့်စမ် လေတပ် စခန်း ဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ်အုပ် ဖစ်တာလေယာဉ်

(ကိုယ် ထည်) လုပ်ငန်းမှ တပ်ကြပ်ဝေလ ပြည်သူ့ပန်းတိုင်အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတနေရာသို့ ဖေဖော်ဝါရီ ပထမအပတ်အတွင်းက ခိုလှုံ လာခဲ့ ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

“ရိုးသားချင်ယောင်ဆောင်ပြီး မရိုးသားမှုတွေကြားထဲမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်းများစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညည်းပန်းနှိပ်စက်ပြီး သေလောက်တဲ့ထိ အပြစ်ပေးတဲ့ တပ်မတော် မှာမနေ ချင်လို့ ခုလို CDM ဝင်ရောက်ရခြင်းဖြစ်ပါတယ်။ စစ်ဆေးရင်း သေသွားရင် တောင် ဗျူ ဟာမှူး အိပ်ရေးပျက်မှာစိုးလို့ မနက်မှ သတင်းပို့ပါဆိုတာ ကြုံခဲ့ ရသေးတယ်ဗျ” ဟု တပ်ကြပ်ဝေလက ပြည်သူ့ပန်းတိုင်သို့ ဖြေကြားသည်။

KTM

Add a Comment

Your email address will not be published. Required fields are marked *