ဘာသာခြားမို့ ဆဲဆိုနေကြတဲ့သူတွေကြောင့် မျက်ရည်ကျရတဲ့ထိ ဝမ်းနည်းရတယ်ဆိုတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

သူမကမူစလင်မလို့ ဆဲဆိုနေကြတဲ့သူတွေကြောင့်ဝမ်းနည်းမျက်ရည်ကျရတယ်ဆိုတဲ့သရုပ်ဆောင် ပိုင်ဖြိုးသု သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရော ပါဝင်ခဲ့တာကြောင့် ပုဒ်မ၅၀၅က၊ဖြင့် အမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေခဲ့ရပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ပိုင်ဖြိုးသုက မူစလင်ဖြစ်ကြောင်းကိုသူငယ်ချင်းတစ်ယောက်က အခုလို ပြန်လည်ရှင်းပြထားပြီးဘာသာရေးမခွဲခြားဖို့လဲ ပြောကြားထားပါသေးတယ်နော်။

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဝေဖန်ဆဲဆိုသူများလဲ ရှိခဲ့ပါတယ်၊ဝေဖန်ဆဲဆိုကြတဲ့အပေါ် ပိုင်ဖြိုးသုက စိတ်မကောင်းဖြစ်နေကြောင်းကိုလဲ သိရှိရပါတယ်၊ ဒီလိုအချိန်မှာ လူမျိုးရေး၊ ဘာသာရေးစသဖြင့် မခွဲခြားသင့်ကြောင်းနဲ့ စည်းစည်းလုံးလုံးနဲ့ အာဏာသိမ်းစစ်ကောင်စီကို အပြီးတိုင် တော်လှန်ကြဖို့မှာကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Add a Comment

Your email address will not be published.