လွမ်းနေရတဲ့ ပရိတ်သတ်တွေကို နှုတ်ဆက်စကားပြောလာတဲ့ ပိုင်တံခွန် Videoဖိုင်
|ပြည်တွင်းပြည်ပက ပရိသတ်တွေရဲ့ အချစ်တွေကို အပြည်အဝရရှိထားတဲ့ ပိုင်တံခွန် ကတော့ ဖေဖော်ဝါရီ (၁) ရက်နေ့ကနေစတင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြည်သူတွေနဲ့အတူ ရဲရဲရင့်ရင့်နဲ့ ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံရကာ ပုဒ်မ (၅၀၅ က)ဖြင့် အမှုစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
သရုပ်ဆောင် မင်းသားချောပိုင်တံခွန် အရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်ပရိသတ်ကြီးရေဖေဖော်ဝါရီလကနေစပြီး အာဏာသိမ်းပြီးနောက်မှာ တော့ ဆန္ဒပြဖော်ထုတ်မှုများအပြီးမှာ နိုင်ငံကျော် အနုပညာရှင်တော်တော်များများဟာလည်း၅၀၅ (က/ခ)နဲ့ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူများလည်းရှိပါတယ်။ဖမ်းဝရမ်းထုတ်ခံရပြီးနောက်မှာ တိမ်းရှောင်နေတဲ့အနုပညာရှင်တွေလည်း များစွာရှိခဲ့တာပါ။
ဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးအနုပညာရှင်တွေထဲမှာ ပိုင်တံခွန်ကတော့ထောင်ဒဏ်နဲ့အလုပ်ကြမ်း၃နှစ်ချခံခဲ့ရပြီးဒီနေ့ကျရောက်တဲ့ မတ်လ၂ရက်နေ့မှာတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်တို့ကို ပြန်လည်လွတ်မြောက်ခဲ့တဲ့အနုပညာရှင်တွေထဲပါဝင်ခဲ့တာပါ။
သရုပ်ဆောင်ပိုင်တံခွန်ဟာ ဖေဖော်ဝါရီ (၁) ရက်နေ့ မှ စတင်ကာ ပြည်သူနှင့်တသားတည်းရပ်တည်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများမှာပါဝင်တော်လှန်ခဲ့တဲ့အတွက် ဧပြီလအတွင်း နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ပြည်တွင်းပရိသတ်တွေသာမကပြည်ပပရိသတ်တွေပါဝိုင်းဝန်းဆုတောင်းပေးခဲ့ရတဲ့ အနုပညာရှင်ကြယ်ပွင့်ကတော့ ပြန်လည်ထွန်းတောက်လာတော့မှာပါနော်။ ရိသတ်တွေလည်း ပိုင်တံခွန်ရဲ့ဝမ်းသာစရာသတင်းကိုမျှဝေပေးလိုက်ပါတယ်နော်။
crd