အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိပြီး အသည်းရောင်ရောဂါ ခံစားခဲ့ရတဲ့ မင်းသမီးချောလေး နေခြည်ဦး

အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိပြီး အသည်းရောင်ရောဂါ ဖြစ်နေတဲ့ ပြည်သူချစ် မင်းသမီးလေးနေခြည်ဦး သရုပ်ဆောင်နေခြည်ဦးကတော့ အနုပညာလောကမှာ အချိန်အတိုအတွင်းအောင်မြင်မှုတွေကိုရရှိခဲ့ပြီး နေရာတစ်နေရာကို ရရှိထားသူပဲဖြစ်ပါတယ်၊ ယခုနောက်ပိုင်းမှာဆိုရင် နေခြည်ဦးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပိုမိုပါဝင် သရုပ်ဆောင်လာနေတာကို တွေ့မြင်ရပါတယ်။

နေခြည်ဦးက ဝတ်စားဆင်ယဉ်မှုမှာလည်း အခြားသူတွေနဲ့မတူပဲ ဆန်းသစ်တဲ့ ဖက်ရှင်တွေကို ဝတ်ဆင်တတ်ကာ လိုက်ဖက်ပြီးချစ်စရာကောင်းသူပဲဖြစ်ပါတယ်နော်။ ဒါ့အပြင်မကြာခဏဆိုရင်လည်း အပျင်းပြေ tiktokလေးတွေ ဆော့ကစားပြီးပရိသတ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်၊ ယခုမှာတော့ နေခြည်ဦးက သူမဘဝမှာ ဘာရောဂါနဲ့မှ ဆေးရုံမတက်ခဲ့ဖူးပေမယ့် အသည်းရောင်လို့ ပထမဆုံးဆေးရုံတက်ခဲ့ရတဲ့ အတွေ့အကြုံကို TikTok ကနေတဆင့် တင်ပေးလာပါတယ်နော်။

အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိတာကြောင့် ဆေးရုံ၂ပါတ်တက်ခဲ့ရတယ်လို့ ဆိုလာပါတယ်၊ ပါရာစီတမောလို ဆေးတွေကို အများကြီးသောက်ရင် အသည်းကိုဒုက္ခပေးတယ်ဆိုတဲ့ MedicalKnowledge မသိတဲ့ သူမကိုယ်သူမလည်းအံ့သြမိကြောင်း ရေးသားလာပါတယ်။

အခုလိုမျိုးကာလမှာဆေးအပြင်းစားတွေ ထိုးရသောက်ရလို့ အရမ်းစိတ်အားငယ်နေကြောင်းလည်း ပြောပြလာပါတယ်၊ နေခြည်ဦးက အကိုက်ခဲပျောက်ဆေးကို ပဲလှော်စားသလို ဝါးနေတဲ့သူတွေကိုအသိပညာတခုခု ရစေချင်တယ်လို့ ဆိုလာပါတယ်၊ တန်ရင်ဆေးလွန်ရင်ဘေးမို့ အကိုက်အခဲပျောက်ဆေးတို့ အစာကြေဆေးတို့ကို အလွန်အကျွံ မသောက်ဖို့ မေတ္တာရပ်ခံ လာတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published.