အချိန်အတော်ကြာ ပျောက်သွားခဲ့ပြီး ပရဟိတ အလုပ်တွေနဲ့အတူ ပြန်ပေါ်လာခဲ့တဲ့ သက်သက်ခိုင် ရဲ့သမီး အဆိုတော် G…

အဆိုတော် G ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အဆို တော်ထွန်းအိန္ဒြာဗိုလ်ရဲ့တူမ၊ PPP ပါတီရဲ့ဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့တူမအဖြစ် လူသိများလာခဲ့သူဖြစ်ပါတယ်။အဆိုတော်အဖြစ် မအောင်မြင်ပေမယ့် G က ပရဟိတအလုပ်တွေကိုလုပ်ကိုင်ပြီး ပရိသတ်အာရုံစိုက်မှုကိုရရှိထားခဲ့သူပါ ယခင်နှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် G ဟာလည်း ပရိသတ်တွေရဲ့ဝေဖန်မှုကို
ပင်းပြင်း ထန်ထန်ခံခဲ့ရပြီး သူမရဲ့မိခင် ဒေါ်သက်သက်ခိုင်ဟာလည်း စကစပေးတဲ့ ရာထူးကိုလက်ခံယူခဲ့တာကြောင့် အချိန်အတော်ကြာ ပရိ သတ်တွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေရှေ့ကနေ လပေါင်းများစွာပျောက်ကွယ်သွားခဲ့တဲ့ G ဟာ ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျကို ပြန်လည်အသုံးပြုပြီး “ပျောက်တာကြာလို့ ပြန်ပေါ်လာတာပါ။အခုဆိုရင် နေပြည်တော်စည်ပင်ရိပ်သာ(၂)Quarantine Centre မှာ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေရဲ့ကိုယ်စား သောက်သုံးရေအလှူအတွက် တာဝန်ယူဖြန့်ဝေပေးနေပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ ” ဆိုပြီး သူမရဲ့ ပရဟိတအလုပ်အကြောင်းကိုပြောလာပါတယ်

အဆိုတော် ထွန်းအိန္ဒြာဗိုလ်ကတော့ တူမဖြစ်သူ G ရဲ့ ပိုစ့်အောက်မှာ “Take care သမီး သာဓု သာဓု သာဓု ” ဆိုပြီး ကောမန့်ပေးခဲ့တာကို တွေ့ရပါတယ်။ စကစအသိုင်းအဝိုင်းကလူတွေကတော့ ပရဟိတအလုပ်ကို ဗန်းပြပြီး ပြန်ပေါ်လာခဲ့ပေမယ့် ပရိသတ်တွေရဲ့ သွေးကတော့ အခုချိန်ထိ မအေးသေးဘူးဆိုတာ သေချာပါတယ်။

crd

Add a Comment

Your email address will not be published.