ကျေးဇူးရှင်ပရိတ်သတ်ကြီးအတွက် သီချင်းအသစ်ထွက်တော့မယ့်အကြောင်းကို သတင်းစကားပါးလိုက်တဲ့ နီနီခင်ဇော်
|ချစ်လှစွာသော ပရိသတ်ကြီးရေ နီနီခင်ဇော် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ သီချင်းကောင်းများစွာကို ဖန်တီးသီဆိုထားတာကြောင့် ပရိသတ်ပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ နီနီ ကတော့ သီချင်းကောင်းများစွာကိုသီဆိုနိုင်တဲ့အပြင် ဖေဖော်ဝါရီလ ကတည်းက ဒီမိုကရေအတွက် တိုက်ပွဲဝင်ရာမှာ ပရိသတ်တွေရဲ့ဆန္ဒနဲ့ထပ်တူကျခဲ့တာကြောင့် ပိုမိုအချစ်ပိုခဲ့ရတာပဲဖြစ်ပါတယ်..။
အဆိုတော် နီနီခင်ဇော် ဟာ သူ့ရဲ့သီချင်းအသစ်လေး ထွက်လာတော့မယ့် အကြောင်းကို ချစ်တဲ့ပရိသတ်ကို သတင်းကောင်းပါးလိုက်ပါတယ်။ ” ကျမအသည်းလေး ပါဆယ်ထုတ်ထားတယ် ’ ဒီသီချင်းလေးက ၂၀၂၀ Covid ကာလမှာတည်းက တေးရေးအသစ်များခေါ်ယူထားတဲ့ Call for collaboration of Composer မှ ရရှိထားတဲ့ သီချင်းအသစ်လေးပါ အခက်အခဲတွေကြားထဲ၂ နှစ်ကြာခဲ့ အပီးမှာတော့ လက်မတွဲဖူးသေးတဲ့ တေးရေး အသစ်တွေနဲ့ အလုပ်တွေ ကြန့်ကြာမှုတွေကြောင့် YouTube Channel တခုထဲမှာပဲ ယနေ့ ၁.၃.၂၀၂၂ ၊ည ၈ နာရီ မှာတင်ဆက်ပေးတော့မှာပါ ” လို့ နီနီခင်ဇော် ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်..။
ပရိသတ်ကြီးရေ အဆိုတော် နီနီခင်ဇော် ရဲ့သီချင်းအသစ်စက်စက်လေးကို ည ၈ နာရီ YouTube Channel မှာ တင်ပေးသွားမှာပါတဲ့။ ချစ်တဲ့ပရိသတ်ကြီးကလဲ အားပေးဖို့မမေ့ကြနဲ့အုန်းနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။