အမှောင်ထဲမှာ လမ်းပျောက်နေပြီလား လို့ လူတစ်ချို့ကို ဒဲ့မေး လိုက် တဲ့ လူရွှင်တော် တိုင်းကျော် (ဟားငါးကောင်)

ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော် အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အငြိမ့်ဇာတ်ခုံမှာ ကပြဖျော်ဖြေရုံတင်မက ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ ဟာသသရုပ်ဆောင်မနေနဲ့ သရုပ်ဆောင်ကြပါသေးတယ်နော်။

” ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရမယ်ဆိုတဲ့မြောက်မြန်မာအဖွဲ့.. မီတာတွေဆောင်ပြီး အ​မှောင်ထဲမှာလမ်းပျောက်နေပြီ မဟုတ်လားတိုင်းကျော်တို့ကပြောခဲတယ်နော် ” လို့ တိုင်းကျော် ဟာ သူ့ရဲလူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။ပရိသတ်ကြီးရေ လူရွှင်တော် တိုင်းကျော် မေးလိုက်တဲ့မေးခွန်းလေးကို နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

crd

Add a Comment

Your email address will not be published.