အိမ်ချိတ်ပိတ်မယ်ဆိုတဲ့ သတင်းကြားပြီး စိုးရိမ်နေကြတဲ့ပရိသတ်တွေ ကို စိတ်မပူကြ ဖို့ပြောလာတဲ့ နိုဗန်ထူး

The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Winner တစ်ယောက်ဖြစ်သူ နိုဗန်ထူးကတော့ အမိုက်စား Metal Rock သီချင်းတွေကို သီဆိုရာမှာ နှစ်ယောက်မရှိအောင် ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ နိုဗန်ထူးကတော့ လက်ရှိမှာ သူဝါသနာပါတဲ့ ဂီတလမ်းကြောင်းထက် တစ်နိုင်ငံလုံးစစ်အာဏာရှင်လက်အောက်ကျရောက်နေမှုမှာ လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်ရင်း ရုန်းထွက်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုဗန်ထူးက သူ့ရဲ့အိမ်ကို စကစတွေက ချိတ်ပိတ်တော့မယ်ဆိုတဲ့ သတင်းအတွက် စိတ်ပူနေကြတဲ့ ပရိသတ်တွေကို စိတ်မပူကြဖို့ ပြောလာတာကိုတွေ့ရပါတယ်။

နိုဗန်ထူးက “အိမ်ချိတ်ပိတ်မယ်ဘာညာအတွက် လာပြောပြ၊ ပူပန်ပေးကြသူများကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့ အနုပညာရှင်တွေမှာ ပိုက်ဆံရှိတယ်ဆိုတာ အရယ်ရဆုံး ပျက်လုံးတစ်ခုဘဲ။ တတိုင်းပြည်လုံးချစ်ရတဲ့ အနုပညာရှင်တချို့တောင် အိမ်ဌားနဲ့ နေရပါတယ်ဆို ကျွန်တော့်လိုကောင်မျိုးက ဘာပြောစရာ ရှိတော့မှာလည်း ။ ကြိုးစားလည်း မအောင်မြင်ဖို့များတဲ့ ကျွန်တော်တို့လိုလူတွေအတွက် ဈေးကွက်မရှိတဲ့နိုင်ငံမှာ အိမ်ပိုင်ဆိုတာကို မြင်ဘူးချင်တာပေါ့။ ပိုက်ဆံလည်း မရှာတတ် ဂျင်းလည်းမကျွေးတတ်တဲ့လူဆိုတော့ ရှိတာအကုန်ရောင်းထားပြီး စခတွေကို ကြုံးနေတာ ။ ပိုင်ဆိုင်တာဆိုလို့ ချစ်ခြင်းမေတ္တာရယ် တရားသဘောနဲ့ ညီလေးရယ်ဘဲ ရှိတယ်။ ”

“တော်လှန်ရေးကိုလည်း အခုထိ တက်တက်ကြွကြွပါဘဲ။ ကိုယ်စိုက်ပျိုးတာ ကိုယ်ပြန်ရိတ်သိမ်းရမှာဘဲလေ။ နောက်မျိုးဆက်ကို အကောင်းဆုံးပေးနိုင်ဖို့က လူသားယဉ်ကျေးမှုရဲ့သမိုင်းပေးတာဝန်ဘဲကို။ငွေကြေးပိုင်ဆိုင်မှုထက် ချစ်ခြင်းမေတ္တာကို ပိုမက်မောတော့ မေတ္တာအပေးအယူလုပ်ပြီး ကျွန်တော့်ရဲ့ အချစ်ရထားကြီး စတင်ထွက်ခွါတော့မှာမို့လို့ လိုက်ပါစီးနင်းသူများ ကျွန်တော်တို့တွေအတွက် ဝိုင်းဝန်းကူကြဗျာ။ အကျိုးမယုတ်စေရဘူး။ ချစ်ခြင်းကိုအကြောင်းပြုထည့်ဝင်လို့ရအောင် နိုင်ငံခြားဘဏ်အကောင့်ငှါးထားတယ်(Chat box သို့ )။ မြန်မာပြည်က အကောင့်တွေကတော့ အလိုတူအလိုပါ နိုင်ထက်စီးနှင်း လုပ်ကြတော့ ခုလောလောဆယ် ပြည်တွင်းအကောင့်မရသေးပါ။ ပြီးရင် YouTube ကိုလည်း like and subscribe လုပ်ပေးသွားကြအုန်း” ဆိုပြီး ပြောလာပါတယ်။

နိုဗန်ထူးကတော့ ကြိုးစားလည်း မအောင်မြင်ဖို့များတဲ့ ကျွန်တော်တို့လိုလူတွေအတွက် ဈေးကွက်မရှိတဲ့နိုင်ငံမှာ အိမ်ပိုင်ဆိုတာကို မြင်ဘူးချင်တာပေါ့။ ပိုက်ဆံလည်း မရှာတတ် ဂျင်းလည်းမကျွေးတတ်တဲ့လူဆိုတော့ ရှိတာအကုန်ရောင်းထားခဲ့တာမို့ စိတ်မပူကြဖို့ ပရိသတ်တွေကို ပြောလာတာပဲဖြစ်ပါတယ်။

Source: Novem Htoo ‘s fb

Crd to Myanmar Celebrities

Add a Comment

Your email address will not be published.