အိမ်ထောင်ရှင်ကြီး ဖြစ်လာပြီးတော့ စီးပွားရေးလုပ်ငန်းအသစ်တွေ ချဲ့ထွင်လာခဲ့ တဲ့ မင်းသား ဝေဠုကျော်

ပရိသတ်အချစ်တော် မင်းသားကြီး ဝေဠုကျော် ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ ဗီဒီယိုရော ရုပ်ရှင်ဘက်မှာပါ အောင်မြင်ခဲ့ သူဖြစ်ပါတယ်။ ဝေဠုကျော်က သဘာဝကျပီ ပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူဇာတ်ရုပ်တိုင်းကို အသက်ဝင်လာအောင် ဖန်တီးနိုင်စွမ်းရှိ သူလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ ဝေဠုကျော်က အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်

“ဝေဠုကျော် ဖောင်ဒေးရှင်း” ကိုတည်ထောင်ထားပြီး အများကောင်းကျိုးသယ်ပိုးတဲ့ ပရဟိအလုပ်တွေကို သူကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝေဠုကျော်ကို အခုချိန်အထိတိုင်အောင် အား ပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်မကြာသေးမီက မင်းသားဝေဠုကျော်က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ချစ်ရတဲ့သူလေးနဲ့ လက် ထပ်လိုက်ပြီဆိုတဲ့ အကြောင်းကို ပရိတ်သတ်ကြီးအား ရုတ်တရက်အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

မင်္ဂလာပွဲကိုလည်း ရင်းနှီးချစ်ခင်ရသူတွေနဲ့သာ ကျင်းပခဲ့ပြီး ငယ်ရွယ်ချောမောတဲ့ ချစ်သူလေးရထားတာကြောင့်လည်း ပရိသတ်တွေရဲ့ ပိုမိုစိတ်ဝင်စားမှုကို ခံခဲ့ရသူလည်းဖြစ်ပါတယ်ဒီနေ့မှာလည်း မင်းသားဝေဠုကျော်က လက်ထပ်ပြီးကာစပူပူနွေးနွေးချစ်ဇနီးလေးနဲ့ သူရဲ့ သန်လျင်မှာရှိတဲ့ ဝေဠုကျော်ရုပ်ရှင်ခြံမှာ အချိန်အတူကုန်ဆုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘာတွေလုပ်နေတယ်ဆိုတာ ပရိသတ်ကြိးကို အသိပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

“ဝါး”ကိုတွယ်တာ “ဝါး”ကိုမြတ်နိုး “ဝါး”ကိုတန်ဖိုးထား “ဝါး”ကို ချစ်တဲ့သူတွေအတွက် “ဝါးကို ပိုးမထိုးအောင် နှစ်ပေါင်း ဆယ်ချီ အသုံး ပြုခံအောင် ဆေးနှင့်ပြုတ်ထားပေါင်းထားတဲ့ ဝါးမျိုးစုံ ဆိုက်စုံကို လိုသလောက်ရောင်းချ‌ပေးနေသည့်အပြင်ဝါးလက်မှု့ပညာ၊ ဝါးအသုံးဆောင်၊ ဝါးပရိဘောဂ နှင့် ဝါးအဆောက်ဦးများကိုပါ ထုတ်လုပ်ခြင်း လိုက်လံဆောက်လုပ်ပေးခြင်းများကို တာ ဝန်ယူလုပ်ဆောင်ပေးနေပါတယ်ခင်ဗျာ ဝေဠုကျော်ရုပ်ရှင်ခြံ သံလျင်မြို့ အောင်ချမ်းသာရပ်ကွက်အကျော် ၁၈ ကုန်းကားမှတ်တိုင်အနီးသဲဖြူချောင်းကျေးရွာ။ဒီနေ့မှာလည်း မင်းသားဝေဠုကျော်က လက်ထပ်ပြီးကာစ ပူပူနွေးနွေးချစ်ဇနီးလေးနဲ့ သူရဲ့ သန်လျင်မှာရှိတဲ့ ဝေဠုကျော်ရုပ်ရှင်ခြံမှာ အချိန်အတူကုန်ဆုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘာတွေလုပ်နေတယ်ဆိုတာ ပရိသတ်ကြိးကို အသိပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published.