မှတ်ပုံတင် မပါလျှင် ခရီးသွားလို့ မရကြောင်း ထုတ်ပြန် … မှတ်ပုံတင်ပါမှ ခရီးသွားလို့ ရတော့မည်
|ထောက်ခံစာရွက်နှင့် ခရီးသွားလာခြင်းကို ဧပြီလကနေ စပြီး ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် နိုင်ငံသားမှတ်ပုံတင် ပြသနိုင်မှသာ သွားလာခွင့် ပြုမည်ဟု စကစ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်…၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက် နံနက် ၆ နာရီမှ စတင်ကာ နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများ ခွင့်ပြုတော့မည် မဟုတ်ကြောင်း စကစ ရဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) ကို ပြသ၍ စစ်ဆေးခံရမယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံသားကတ် အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိ ကိုင်ဆောင်ခြင်းများဟာလည်း တည်ဆဲ ဥပဒေများအရ ပြစ်မှုမြောက်ကြောင်းလည်း အသိပေးထားပါတယ်အသက် (၁၆) နှစ် နှင့် အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊
လိုအပ်သည့် နေရာများတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ဆောင်ရွက်ပေးခြင်းများကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။ပန်းခင်းစီမံချက်မှာ ယခုအခါ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ပါတယ်။
ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣