Myanmar Plaza အပေါ်ထပ်က ဘားမှာ မွေးနေ့ပွဲကျင်းပခဲ့ လို့ ပရိတ်သတ်တွေ ဝေဖန်တာခံနေရတဲ့ မော်ဒယ်လ် ခင်ရူပ

Boycott လုပ်ထားတဲ့ Myanmar Plaza အပေါ်ထပ်ကဘားမှာ မွေးနေ့ပွဲကျင်းပခဲ့တာကြောင့် ပရိသတ်ဝေဖန်မှုရရှိခဲ့တဲ့ ခင်ရူပ မော်ဒယ်လ်ခင်ရူပကတော့ အလှမယ်တစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာအနုပညာအလုပ်တွေထက် စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးအမျိုးသမီးတစ်ယောက်အဖြစ် ခင်ပွန်းသည်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးနေသလိုသူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများစွာကိုလည်း ဦးစီးလုပ်ကိုင်နေတဲ့ ခင်ရူပက မိန်းကလေးတွေများစွာရဲ့ အားကျခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ကတော့ ခင်ရူပရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ခင်ရူပက သူ့ရဲ့မွေးနေ့ကို မနေ့က မတ်လ (၅) ရက်နေ့ကမှ ပြုလုပ်ခဲ့ပြီး မွေးနေ့အမှတ်တရဓာတ်ပုံတစ်ပုံကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

အဆိုပါဓာတ်ပုံဟာ ပြည်သူတွေ Boycott လုပ်ထားတဲ့Myanmar Plaza အပေါ်ထပ်က ဘားမှာပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေက ဝေဖန်နေကြတာပဲဖြစ်ပါတယ်။ ခင်ရူပဟာ Myanmar Plaza ကုန်တိုက် လေးလွှာက Fuse နိုက်ကလပ်ရဲ့ အစုရှယ်ယာဝင်ထားသူ
တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၅) ရက်နေ့ဖြစ်စဉ်မှာလည်း ခင်ရူပက Myanmar Plaza ကို ရှုံ့ချကြောင်း ပြောဆိုခဲ့သူဖြစ်ပါတယ်။

Add a Comment

Your email address will not be published.