ခက်ခက်ခဲခဲ ထွက်ပြေး တိမ်းရှောင်နေရစဉ် ချစ်သူဝေရဲ့ ပုံရိပ်များ (ချစ်တဲ့ ပရိသတ်တွေလည်း အားပေးသွားပါအုံးနော်)

ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်မှာပဲ အဆင်ပြေသလိုနေထိုင်ရတဲ့ ပုံရိပ်တချို့ကို တင်ပေးလာတာကြောင့် ပရိတ်သတ်တွေ စိတ်မကောင်းဖြစ်နေရတဲ့ ချစ်သုဝေ ချစ်သုဝေကတော့ ငယ်ငယ်လေးကတည်းကအဆိုတော်လုပ်ရင်း မြန်မာဇာတ်လမ်းတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။

ချစ်သုဝေကတော့ ဆရာဝန်တစ်ယောက် ဖြစ်ပေမဲ့အ နုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီးလို့ ခေတ်ခေတ်နဲ့ သစ်သစ် လို့ချစ်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ချစ်သုဝေကတော့အခုလက်ရှိ ကာလအထိ ဘေးကင်းရာမှာတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ သူမနဲ့ အတူတူ သမီးလေး နှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့တာ ဖြစ်ပါတယ်။မကြာသေးခင်ကချစ်သုဝေရဲ့လူမှုကွန်ယက်စာမျက်နှာတွင်အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတာကြောင့် စိတ်ဒဏ်ရာရသွားကြတဲ့ သမီးလေး နှစ်ယောက်ရဲ့အကြောင်းရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့လေးမှာ‌တော့ ချစ်သုဝေက သူမကိုယ်တိုင် လွတ် မြောက်နယ်မြေမှာနေထိုင်ပုံလေးတွေကို ပုံလေးနဲ့တကွ တင်ပေးလာတာ ဖြစ်ပါတယ်။ သူမတို့မိသားစုကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမကို သနားနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အားပေးစကားလေးပြောပေးကြပါအုံးနော်

Add a Comment

Your email address will not be published.