ဖမ်းဆီး ခံထားရတဲ့ အဆိုတော် အီတိုးရဲ့ ပြောင်းလဲသွားတဲ့ အခြေအနေကို ပြောပြလာတဲ့ မိခင်ဖြစ်သူ

ရော့ခ်သီချင်းကောင်းများစွာကို သီဆိုထားတဲ့ ရော့လ်ဂီတဘုရင်ကြီး ဇော်ဝင်းထွဋ် ကိုတော့ ယောက်ကျားလေးပရိသတ်တိုင်း မသိသူမရှိ‌လောက်အောင် နာမည်ကြီးကျော်ကြားပါတယ်။ ဂီတလောကမှာ ဦးညီ လို့ ချစ်စနိုးခေါ်ကြတဲ့အဆိုတော်ကြီး ဇော်ဝင်းထွဋ် ကတော့ နွေဦးတော်လှန်ရေးမှာလဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော် အီတိုး ကို အကြမ်းဖက်မှုများတွင် ပါဝင်တယ်ဆိုပြီးဖမ်းဆီးခံထားရတာ လပိုင်းများစွာ ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။မနေ့က မတ်လ ၂၃ ရက်နေ့ က မိခင်ဖြစ်သူ ဟာ သားဖြစ်သူအတွက် ရုံးချိန်းမှာ သက်သေထွက်ဆိုရင်း တွေ့ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သားဖြစ်သူရဲ့ ပြောင်းလဲသွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ” ဒီနေ့အီတိုးရုံးချိန်းမှာ သက်သေထွက်ရတော့သားနဲ့ တွေ့ရတယ် စက်တင်ဘာ၈ရက်ကစပြီးခွဲခဲ့ရတာ၆လကျော်ပြီပေါ့ တော်တော်တည်ငြိမ်သွားတယ်အသိုင်းအဝိုင်းကြားထဲမှာ ဝိုင်းပြီးအချစ်ခံရတဲ့ဘဝနဲ့ ကြီးပြင်းခဲ့ရတာဆိုတော့ လောကကြီးအကြောင်းသိပ်မသိခဲ့တဲ့သားလေး…..လူဖြစ်သွားပြီပေါ့” လို့ စိတ်မကောင်းပေမယ့် အားတင်းပြီး ရေးသားထားတာကို တွေ့ရပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

crd

Add a Comment

Your email address will not be published.