(၂၀၂၂) တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တစ်နိုင်ငံလုံး အောင်ချက် (၄၆) ရာခိုင်နှုန်းကျော်ရှိကြောင်း စကစမှ ထုတ်ပြန်




unicode

ယနေ့ ဇွန်လ(၁၇)ရက်နေ့ ၊ နံနက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်တယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ အောင်စာရင်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်‌ အောင်ချက် (၄၆) ရာခိုင်နှုန်းကျော်ပြီး မွန်ပြည်နယ်က အောင်ချက်အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒုတိယအောင်ချက်အနေနဲ့ ဧရာဝတီတိုင်းကတော့ အများဆုံး ဖြစ်ကာ မန္တလေးတိုင်းကတော့ တတိယ အောင်ချက်အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ (၂၀၂၂) ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသူကျောင်းသား (၂၈၁၇၅၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၃၂၀၇၇) ဦးအောင်မြင်ခဲ့ကာ တနိုင်ငံလုံးအောင်ချက် (၄၆.၈၈) ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *