ဒီနှစ်ဆယ်တန်းအောင်သွား တဲ့ ကလေးတွေရဲ့ ရင်လေးဖွယ် အနာဂါတ် ကို ပြောပြ လာ တဲ့ မူးလာ




crd

unicode

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ အခုချိန်ထိအားပေး နှစ်သက်နေတဲ့ ပရိသတ်တွေ အများကြီးပါပဲ။အဆိုတော် မူးလာ ဟာ လက်ရှိမှာ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပါ။ ဒါပေမယ့်လဲ ချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ပဲ သူ့ရဲ့လှုပ်ရှားမူ့လေးတွေကို လူမူ့ကွန်ယက်မှာတစ်ဆင့်တင်ပေးနေတာကြောင့် မူလီလေးတွေ စိတ်အေးကြရပါတယ်။

အဆိုတော် မူးလာ ဟာ အမြဲတမ်းလိုလို ပြည်သူတွေ သွေးမအေးသွားကြစေဖို့ သတိပေးနေတာပဲ ဖြစ်ပါတယ်။ သွေးမအေးဖို့ သတိပေးနေတဲ့အပြင်ချစ်တဲ့ပြည်သူတွေကို ကျန်းမာရေးဂရုစိုက်ဖို့ အမြဲတမ်းသတိပေးနေတာလဲ ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေ ထွက်ရှိလာခဲ့ပါတယ်။ အောင်စာရင်းနဲ့ပတ်သက်ပြီး မူးလာ ကတော့“စောက်ခလေးတွေ ဆယ်တန်းကို မတတ်ပဲအောင်ပြီးပျော်နေရှာတယ် အနာဂတ်မှာ ကျွန်ဇာတ်သွင်းခံနေရတာကို မသိရှာဘူး” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဆယ်တန်း‌အောင်မြင်သွားတဲ့ ကလေးတွေရဲ့ ရင်လေးဖွယ်ကောင်းတဲ့ အနာဂတ်ကို မူးလာ ကပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ခဲ့တဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *