ဖေ့ဘုတ်ပေါ်မှာ ယဉ်ယဉ်လေးရူးနေကြ သူ များ (အမှန်ဖြစ်နေတာကို)…

1- မိမိလုပ်သမျှ ချီးပါ သေးပေါက်တာကအစ တင်သူများ။

2- အလကားနေရင်း အရည်မရ အဖတ်မရ မိမိ အရည်အချင်း(သို့) ဂုဏ်ပုဒ်များကို ထိုင်ကြွားနေသူများ။( ဥပမာ။ ။ ဘဲဥမကြော်တတ်လို့ တူးတာလဲကြွား၊ အိမ်မှုကိစ္စ မနိုင်နင်းတာလည်းကြွား၊ ရည်းစားကို ဘာဝယ်ပေးတာ ညာဝယ်ပေးတာလည်း ခဏခဏကြွား

3- မိမိကိုယ်ကို မိမိ လှမှန်းမသိ မလှမှန်းမသိ အလကားနေရင်း ပုံပေါင်းများစွာ တင်တတ်သူများ! ဥပမာ- အင်္ကျီတစ်စုံတည်းဖြင့် Location တစ်နေရာတည်းမှာ မျက်နှာပေးမျိုးစုံပေးကာ ( အမှန်ကဒီမျက်နှာက ဒီမျက်နှာပါပဲ) ပုံ နှစ်ဆယ် ၊ သုံးဆယ်ခန့်တင်သူများ၊ Snap မိသည်ဟု ညာရေးကာ Snap ပုံ မြောက်များစွာ တင်သူများ[ တကယ့် Snap ကမိလည်း သုံးပုံပေါ့ဗျာ] 😏

4- ကမ္ဘာပေါ်တွင် လူသေဆုံးမှုများစွာရှိနေသော်လည်း ဘာမှမဖြစ်ပဲ သူ့အိမ်မှာမွေးထားတဲ့ တစ်ကောင် ကောင်သေဆုံးမှ မပြီးနိုင်မစီးနိုင် ဝမ်းနည်းသတိရခြင်းများရေးကာ အခါခါ Status တင်လို့ မဆုံးဖြစ်နေကြသူများ!

တခါတခါ ဖတ်ရတာ ကြောင်စီစီနဲ့ သမီးလေးရယ် သားလေးရယ် ခွဲခွာသွားတာ ဘာဖြစ်တယ် ညာဖြစ်တယ်ရေးတော့ အဟုတ်မှတ်ပြီးခံစား 😥😥နောက်ဆုံးကျမှ အိမ်မွေးတိရစ္ဆာန် ဖြစ်နေတယ် 😏

5- မိမိစားသောက်သမျှကို အချိန်အခါမရွေး ပုံတင်ကြွားတတ်သူများ! ( ထူးထူးဆန်းဆန်း အစားအသောက်ဆိုလည်း တင်ပါ အခုဟာက ထမင်းကြော် တို့ ခေါက်ဆွဲပြုတ်စားတာကအစ တင်နေတော့ 😕)

6- ကိုယ့်ကိုယ်ကို သတင်းကြေငြာသူအဖြစ် သတ်မှတ်နေကြသူများ ( ဥပမာ/ မိုးရွာနေပြီး ၊ နေပူလိုက်တာ၊ မီးလောင်နေတယ်၊ ကားတိုက်ပြန်ပြီ၊ လမ်းပိတ်နေလို့ ၊ မီးပျက်တာကြာပြီး၊ဟိုဆိုင်တွေ မသွားနဲ့ ဒီဆိုင်ပဲကောင်းတယ်၊ စသည်ဖြင့် …

ပတ်ဝန်းကျင်ရှိ (သို့) သူ့အကောင့်ထဲရှိလူများကို ဆွံ့အ နားမကြား ၊ မျက်မမြင်ဟု သတ်မှတ်ကာ ပြောပြနေသလားတောင် ထင်ရသူများ)

7- ကိုယ့်မလှမပပုံများကိုတင်ကာ မိမိချောလား မေးတတ်ကြသူများ မိမိကိုယ်မိမိ သရုပ်ဆောင်နဲ့ တူကြောင်း ရေးတင်တတ်ကြသူများ။

( ဖွေးစိန်နဲ့တူသွားရင်ဆောရီးပါ၊ ငါက အူဝဲနဲ့ဘာလို့အရမ်းတူနေတာလည်း မသိဘူး? မီးက ကစ်ကစ်နဲ့ ဆင်လားဟင်? ) 😰😰

8- ဘာကို ချပြချင်မှန်းမသိ၊ ဘာပြောချင်မှန်းမသိအောင် ၊နာမလည်အောင် Status ရေးကာမကြာခဏ တင်တတ်သူများ ၊ တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းမသိဘူးလို့ {သတ်မှတ်ခံရတဲ့လူတန်းစားများ)😁

9- မိမိရည်းစားနှင့် မိမိ မိသားစု၏ အကြောင်းများကို ခဏခဏအတွင်းကျကျရေးသားဖော်ပြတတ်သူများ

10- အလကားနေရင်း ကြောက်ပြ လန့်ပြတတ်သူများ ( အမ်းမျေး 😱တုန်ဝါးတာဘဲ ) 😁😁

11- မိမိပိုင်ဆိုင်မှုများကို နေ့တိုင်းကြွားတတ်ကြသူများ။( တခါတရံမှ ကြွားခြင်းကို မဆိုလိုပါ 😜)

12- ဓာတ်ပုံရိုက်တိုင်းလျှာထုတ်ပြီးရိုက်ကြသူများ။ ( သူငယ်နာမစင်တဲ့ လက္ခဏာဟုယူဆရန်ရှိ၏ )

13- အသံသေး အသံညှောင်ဖြင့် သီချင်းမကြာခဏသီဆိုပြကာ Live လွှင့်ပြီးအပေါင်းသင်းများကိုဒုက္ခပေးသူများ 😆😆💨💨🎼🎵

14- သူ့ကိုဘယ်သူကမှမမေးမြန်းရပါပဲနဲ့ ဆရာကြီးလုပ်လွန်းသူများ

15- မတရားသောက်တာကိုအဟုတ်ထင်ပြီးတင်နေကြသော အရက်သမားများ ( မူးမှတော့ ခေါင်းချောင်ပြီးရူးနေမှာလည်း သေချာပါတယ်)

16- အရွယ် မကြီးမငယ်နှင့် ခေတ်ဆန်ဆန် ဟိုပေါ်ဒီပေါ် ပုံရိုက်ပြသူများ ( လက်မောင်းသား ပါးရေနားရေတွေ တွန့်နေပြီး ခလေးတွေလိုထင်ပြီး ပုံရိုက်ပြီးတင်သူများ )

ကျန်တာများရှိသေးပါကထပ်ဖြည့်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

တစ်ခုမေတ္တာရပ်ခံချင်တာကတော့မိမိမဟုတ်ပါက မနာကြပါနဲ့လို့ အသိပေးရင်း…..😁

credit to orginal

Add a Comment

Your email address will not be published. Required fields are marked *