စပြန္ဆာ႐ွိတယ္လို႔အၿမဲ အထင္ခံေနရၿပီး စပြန္ဆာေပး ဖို႔ ခဏခဏ ကမ္းလွမ္းခံရဖူးတယ္ လို႔ေျပာလိုက္တဲ့ ေမပန္းခ်ီ
|သ႐ုပ္ေဆာင္ ေမပန္းခ်ီ ကေတာ့ ႐ုပ္႐ွင္ေလာကထဲမွာ ဇာတ္ပို႔သ႐ုပ္ေဆာင္အျဖစ္ အခ်ိန္အေတာ္ၾကာရပ္တည္ေနလာခဲ့သူျဖစ္ပါတယ္။သူမရဲ႕ ဖြံ႕ထြားတဲ့ ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ ပုရိသ ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကို ခံထားရတာပါ။ေမပန္းခ်ီ အေနနဲ႔ သူမကို အခ်ိဳ႕လူေတြက စပြန္ဆာ႐ွိတယ္လို႔ ထင္ေၾကးေပးၾကတဲ့အေပၚ မွာ အခုလိုေျပာျပလာပါတယ္။
” ပန္းခ်ီ ဆိုရင္ စပြန္ဆာ႐ွိတယ္လို႔ အရမ္းအထင္ခံရတာ။ ဆိုင္ဖြင့္ျပန္ရင္လည္း စပြန္ဆာ႐ွိလို႔ ၊ ကားစီးရင္လည္း စပြန္ဆာရလို႔ ၊ အိမ္ကေတာ့ ေလာေလာဆယ္ ငွားေနေနတာဆိုေတာ့ အေျပာမခံရေသးဘူး။ ျဖစ္ခ်င္ေတာ့ ပန္းခ်ီ ႐ုပ္ကိုကလည္း အဲ့ဒီ႐ုပ္ေပါက္ေနတာ။ ပန္းခ်ီကက်ေတာ့ ေျပာရမယ္ဆိုရင္ နာမည္ႀကီး ထမင္းငတ္။ ပန္းခ်ီ႕ကို လူေတြက အျပင္မွာ ျမင္ရင္ေခ်တယ္ေပါ့ေနာ္။ အမွန္ေတာ့ ကိုယ္က ငေပါ ၊ ေနခ်င္သလိုေနတာ။
အျပင္မွာမသိတဲ့ လူတစ္ေယာက္က ပန္းခ်ီကို ျမင္ရင္ ဒီေစာ္ႀကီးက ေခ်တယ္ ၊ ဆက္ဆီ မႀကီး ၊ ဘဲေတြ နဲ႔ စပြန္ဆာေတြနဲ႔ဆိုၿပီး ပန္းခ်ီ ႐ုပ္က အထင္ခံရဆုံး။ အရင္တုန္းကေတာ့ ပရမ္း စိတ္ဓါတ္က်တယ္။ ငါ့ကို ဘာလို႔ အဲ့လိုထင္ၾကတာလဲေပါ့။ အရင္တုန္းကေတာ့ အဲ့ဒီလိုေျပာခံရရင္ အရမ္းေတြ လိုက္ခံစားၿပီး ေဖ့စ္ဘြတ္မွာ ပို႔စ္ေတြတင္တယ္ ၊ မဟုတ္တဲ့အေၾကာင္းေတြ လိုက္ေျဖ႐ွင္းတယ္။
အခုေနာက္ပိုင္း အဲ့ဒါမ်ိဳးေတြမ႐ွိေတာ့ဘူး။ လူဆိုတာက ကိုယ့္လိပ္ျပာ ကိုယ္လုံဖို႔ အေရးႀကီးတယ္။ ေသသြားရင္ ကိုယ့္သမိုင္းလွဖို႔ အေရးႀကီးတယ္။ ေနာက္ပိုင္း အဲ့ဒါမ်ိဳးေတြ သိပ္မခံစားေတာ့ဘူး ” လို႔ ေမပန္းခ်ီက ဆိုပါတယ္။
ဒါ့အျပင္ သူမအေနနဲ႔ စပြန္ဆာယူဖို႔ ကမ္းလွမ္းခံခဲ့ရဖူးတဲ့အေၾကာင္းေတြကို အခုလိုပြင့္ပြင့္လင္းလင္းေျပာျပလာပါေသးတယ္။
” ပန္းခ်ီက အသက္ ၁၉ ႏွစ္ကတည္းက သ႐ုပ္ေဆာင္ စလုပ္တာ။ အဲ့ဒီတုန္းက အခုေလာက္လည္း မဝေသးဘူး။ ခႏၶာကိုယ္က သြယ္သြယ္ေလးေပါ့။ အဲ့ဒီကတည္းက လာၿပီး ကမ္းလွမ္းခဲ့တာေတြ႐ွိတယ္။ အခုထိလည္း ကမ္းလွမ္းခံေနရတုန္းပဲ။ ဒါေပမယ့္ အဲ့ဒါႀကီးကို ႂကြားၿပီးေျပာျပေနဖို႔ကလည္း အဆင္မေျပဘူး။ ဒီလိုမ်ိဳးက ၾကဳံတာေတာ့ၾကဳံတယ္။
ကိုယ့္ကို တိုက္႐ိုက္လာေျပာတာ တစ္မ်ိဳး ၊ ကိုယ့္ရဲ႕ မိတ္ကပ္ဆရာကတဆင့္ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္က တဆင့္ ေျပာခိုင္းတာမ်ိဳးေတြ႐ွိတယ္။ဖုန္းဆက္ၿပီးေတာ့ လာေျပာတာေတြလည္း႐ွိတယ္။ဒါေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ ဘယ္အရာမွ အလကားမရဘူး။သူက ဒါေပးရင္ ကိုယ္က ဒါျပန္ေပးရေတာ့မယ္ေလ။ကိုယ့္ဟာကိုယ္ သ႐ုပ္ေဆာင္အေနနဲ႔ လုပ္စားတာကမွ အိုသြားရင္အေမခန္း ၊အေဒၚခန္း ႐ိုက္လို႔ရေသးတယ္။စပြန္ဆာယူလိုက္ေတာ့မွ ကိုယ့္နာမည္ ထိခိုက္သြားရင္ အဲ့ဒါႀကီးက တစ္သက္လုံး အရိပ္မည္းဖုံးသြားမွာလို႔ ဆိုလာပါတယ္။ေမပန္းခ်ီကေတာ့ သ႐ုပ္ေဆာင္ အလုပ္အျပင္ ကိုယ္ပိုင္စီးပြားေရးအျဖစ္ Kate Amazing ဆိုတဲ့ jeans fashion shop တစ္ခုကိုဖြင့္လွစ္ထားတာျဖစ္ပါတယ္။
photo – May Panche
DW-shweyoe
unicode
သရုပ်ဆောင် မေပန်းချီ ကတော့ ရုပ်ရှင်လောကထဲမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အချိန်အတော်ကြာရပ်တည်နေလာခဲ့သူဖြစ်ပါတယ်။သူမရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပုရိသ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ခံထားရတာပါ။မေပန်းချီ အနေနဲ့ သူမကို အချို့လူတွေက စပွန်ဆာရှိတယ်လို့ ထင်ကြေးပေးကြတဲ့အပေါ် မှာ အခုလိုပြောပြလာပါတယ်။
” ပန်းချီ ဆိုရင် စပွန်ဆာရှိတယ်လို့ အရမ်းအထင်ခံရတာ။ ဆိုင်ဖွင့်ပြန်ရင်လည်း စပွန်ဆာရှိလို့ ၊ ကားစီးရင်လည်း စပွန်ဆာရလို့ ၊ အိမ်ကတော့ လောလောဆယ် ငှားနေနေတာဆိုတော့ အပြောမခံရသေးဘူး။ ဖြစ်ချင်တော့ ပန်းချီ ရုပ်ကိုကလည်း အဲ့ဒီရုပ်ပေါက်နေတာ။ ပန်းချီကကျတော့ ပြောရမယ်ဆိုရင် နာမည်ကြီး ထမင်းငတ်။ ပန်းချီ့ကို လူတွေက အပြင်မှာ မြင်ရင်ချေတယ်ပေါ့နော်။ အမှန်တော့ ကိုယ်က ငပေါ ၊ နေချင်သလိုနေတာ။
အပြင်မှာမသိတဲ့ လူတစ်ယောက်က ပန်းချီကို မြင်ရင် ဒီစော်ကြီးက ချေတယ် ၊ ဆက်ဆီ မကြီး ၊ ဘဲတွေ နဲ့ စပွန်ဆာတွေနဲ့ဆိုပြီး ပန်းချီ ရုပ်က အထင်ခံရဆုံး။ အရင်တုန်းကတော့ ပရမ်း စိတ်ဓါတ်ကျတယ်။ ငါ့ကို ဘာလို့ အဲ့လိုထင်ကြတာလဲပေါ့။ အရင်တုန်းကတော့ အဲ့ဒီလိုပြောခံရရင် အရမ်းတွေ လိုက်ခံစားပြီး ဖေ့စ်ဘွတ်မှာ ပို့စ်တွေတင်တယ် ၊ မဟုတ်တဲ့အကြောင်းတွေ လိုက်ဖြေရှင်းတယ်။
အခုနောက်ပိုင်း အဲ့ဒါမျိုးတွေမရှိတော့ဘူး။ လူဆိုတာက ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ အရေးကြီးတယ်။ သေသွားရင် ကိုယ့်သမိုင်းလှဖို့ အရေးကြီးတယ်။ နောက်ပိုင်း အဲ့ဒါမျိုးတွေ သိပ်မခံစားတော့ဘူး ” လို့ မေပန်းချီက ဆိုပါတယ်။
ဒါ့အပြင် သူမအနေနဲ့ စပွန်ဆာယူဖို့ ကမ်းလှမ်းခံခဲ့ရဖူးတဲ့အကြောင်းတွေကို အခုလိုပွင့်ပွင့်လင်းလင်းပြောပြလာပါသေးတယ်။
” ပန်းချီက အသက် ၁၉ နှစ်ကတည်းက သရုပ်ဆောင် စလုပ်တာ။ အဲ့ဒီတုန်းက အခုလောက်လည်း မဝသေးဘူး။ ခန္ဓာကိုယ်က သွယ်သွယ်လေးပေါ့။ အဲ့ဒီကတည်းက လာပြီး ကမ်းလှမ်းခဲ့တာတွေရှိတယ်။ အခုထိလည်း ကမ်းလှမ်းခံနေရတုန်းပဲ။ ဒါပေမယ့် အဲ့ဒါကြီးကို ကြွားပြီးပြောပြနေဖို့ကလည်း အဆင်မပြေဘူး။ ဒီလိုမျိုးက ကြုံတာတော့ကြုံတယ်။
ကိုယ့်ကို တိုက်ရိုက်လာပြောတာ တစ်မျိုး ၊ ကိုယ့်ရဲ့ မိတ်ကပ်ဆရာကတဆင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်က တဆင့် ပြောခိုင်းတာမျိုးတွေရှိတယ်။ဖုန်းဆက်ပြီးတော့ လာပြောတာတွေလည်းရှိတယ်။ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်အရာမှ အလကားမရဘူး။သူက ဒါပေးရင် ကိုယ်က ဒါပြန်ပေးရတော့မယ်လေ။ကိုယ့်ဟာကိုယ် သရုပ်ဆောင်အနေနဲ့ လုပ်စားတာကမှ အိုသွားရင်အမေခန်း ၊အဒေါ်ခန်း ရိုက်လို့ရသေးတယ်။စပွန်ဆာယူလိုက်တော့မှ ကိုယ့်နာမည် ထိခိုက်သွားရင် အဲ့ဒါကြီးက တစ်သက်လုံး အရိပ်မည်းဖုံးသွားမှာလို့ ဆိုလာပါတယ်။မေပန်းချီကတော့ သရုပ်ဆောင် အလုပ်အပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် Kate Amazing ဆိုတဲ့ jeans fashion shop တစ်ခုကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။