ဦးနှောက်အကျိတ်ရောင်ရောဂါခံစားနေ လို့ အချိန်မရွေးသေနိုင် တာကြောင့် စိတ် ကိုပြင်ဆင်ထားကြောင်းရင်ဖွင့်လာ တဲ့ တေးသံရှင်
|ပရိသတ်ကြီးရေတေးသံရှင်အိအိချွန်ကတော့ မြန်မာ့သံစဉ်သီချင်းကောင်းတွေနဲ့အတူ အားလုံးရဲ့အားပေးမှုကိုအပြည့်အဝရရှိထားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ တေးသံရှင်အိအိချွန်က ဦးနှောက်အကျိတ်ရောင်ရောဂါခံစားနေလို့ အချိန်မရွေးသေနိုင်ကြောင်း နှင့် စိတိကိုလည်းပြင်ဆင်ထားကြောင်းရင်ဖွင့်လာတာလည်းဖြစ်ပါတယ်။
အိအိချွန်ကဦးနှောက်အကျိတ်လေးက အမြင်အာရုံကြောပေါ်မှာပိမိနေတဲ့အတွက်ကြောင့် မျက်လုံး ဝါးတယ် အမြင်မကြည်တော့ဘူး ဆရာဝန်ကလည်းကားမမောင်းခိုင်းတော့ဘူး ကားမောင်းရင် တိုက်မယ် ဖုန်းတွေအမြဲမကြည့်ဖို့လည်းမှာထားတယ် ဘာလို့ဆို အမြင်အာရုံ ကွယ်နိုင်တဲ့အတွက်ဂရုစိုက်ဖို့မှာထားတယ်။
ပရိသတ်တွေကိုမပြောပဲနေခဲ့တာအခုမှသာဖွင့်ပြောပြတာပါဒီရောဂါစဖြစ်ထဲက ကိုယ်က အချိန်မရွေးသေနိုင်တယ် တစ်ယောက်ထဲ သမားဖြစ်တဲ့အတွက်ဘာမှပူပင်စရာစွဲလန်းစရာမရှိဘူး သေလို့ရှိရင်တောင်မှသေပျော်ပြီသေလို့ရပြီ အမြဲတမ်းသေဖို့တွေးထားပြီးသားပါဆိုပြီး အိအိချွန်ကပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။
Credit ; Popular Journal