ခိုင်မာပြတ်သားတဲ့ သံမဏိစိတ်ဓါတ်ကို ဘာနဲ့မှရိုက်ချိုးလို့မရနိုင်ဘူးဆိုတဲ့ မောင်မောင်အေး
|မောင်မောင်အေး လို့ဆိုလိုက်ရင်တော့ ကတုံးနဲ့အသံပါဝါအားကောင်းကောင်းနဲ့ လူတိုင်းကငေးနေရလောက်အောင် စကားပြောကောင်းတဲ့လူပဲဖြစ်ပါတယ်။အနုပညာလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ အစီစဉ်တင်ဆက်သူ မောင်မောင်အေး ကတော့ သရုပ်ဆောင်သိပ်မလုပ်ပေမယ့်လည်း ပရိသတ်တိုင်းနဲ့မစိမ်းတဲ့ဆယ်လီတစ်ယောက်ပါပဲ။
ဒါအပြင် မောင်မောင်အေး ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေသူလဲ ဖြစ်ပါတယ်။အဲ့လိုတိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။
” အမေ …… သက်ရှည် ကျန်းမာပါစေ….သူတော်ကောင်း ကို စော်ကား ပစ်မှားတဲ့သူမှန်သမျှ တူသောအကျိုးရကြပါစေ….လူ ကိုသာ အကျဉ်းချထားလို့ရမယ်…. ခိုင်မာပြတ်သားတဲ့ သံမဏိစိတ်ဓါတ် ကို ဘယ်အရာနဲ့မှ ရိုက်ချိုး လှောင်ပိတ်ထားလို့မရဘူးဆိုတာ ဘဝတလျှောက်လုံး သင်ပြပေးနေတဲ့ အမေ….သန်းပေါင်းများစွာသော အမေ့သား သမီးတွေရဲ့ ပို့သတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အမေ သက်တော်ရာကျော်ရှည်ပြီး ကိုယ် စိတ်ကျန်းမာနေမှာ သိပ်ကိုသေချာနေမှာပါ “လို့ မောင်မောင်အေး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ကဲ…စာဖတ်ပရိသတ်ကြီးရေ မောင်မောင်အေး ကတော့ ခိုင်မာပြတ်သားတဲ့ သံမဏိစိတ်ဓါတ်ကို ဘာနဲ့မှ ရိုက်ချိုးထားလို့မရနိုင်တဲ့အကြောင်းကို အဓိပ္ပာယ်ရှိရှိပြောပြသွားတာ ဖြစ်ပါတယ်။
crd