ဇတ်ကားထဲမှာ Suzy ရဲ့ ခင်ပွန်းနေရာကနေ သရုပ်ဆောင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ Kim Jun-han

ဇာတ်ကားရဲ့ Trailer မှာ Bae Suzy ကို Kim Jun-han နဲ့အတူ မင်္ဂလာဝတ်စုံနဲ့ မြင်ရတဲ့ အခန်းကို..Bae Suzy ဆိုတာကျနော်တို့အားလုံး သဘောကျနှစ်သက်တဲ့ မင်းသမီးတလက်ပါ။ ဒရမ်မာတွေရိုက်တာ အချိန်တော်တော်ကြာ ရပ်နားထားခဲ့တဲ့ Suzy ဟာ ပြီးခဲ့တဲ့နှစ် ‌အောက်တိုဘာလလောက်က စပြီး ‘Anna’ ဆိုတဲ့ Seriesကို စတင်ရိုက်ကူးနေခဲ့တာပါ။

ဇာတ်လမ်းတွဲကို စရိုက်ကတည်းက ပရိတ်သတ်တွေ စိတ်ဝင်စားမှုမြင်တက်နေခဲ့တဲ့ အဲ့ဒီ series ဟာဆိုရင်လာမယ့် 24 ရက်နေ့မှာ Coupang Play ကနေထုတ်လွှင့် ပြသသွားတော့မှာပါ။ ဇာတ်ကားရဲ့ Trailer မှာ Bae Suzy ကို Kim Jun-han နဲ့အတူ မင်္ဂလာဝတ်စုံနဲ့ မြင်ရတဲ့ အခန်းကိုအားလုံးသိကြမယ်ထင်ပါတယ်။

ဒါကိုအချို့ကလည်း ဇာတ်လမ်းသဘောအရလည်း ကြိုက်ချင်ကြိုက်ပေမယ့် Suzy ရဲ့ပရိတ်သတ် အချို့က‌တော့မကြိုက်ကြပါဘူး။ ဒါကြောင့် Kim Jun-han ဟာ Suzyနဲ့အတူ အခုလိုသရုပ်ဆောင်ခဲ့တာကြောင့် သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဒီနေ့ ပြုလုပ်ခဲ့တဲ့ Coupang Play ရဲ့ ဇာတ်လမ်းတွဲ “Anna” ရဲ့ သတင်းစာရှင်းလင်းပွဲမှာ Kim Jun-han က Suzy ရဲ့ခင်ပွန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ဖော်ပြခဲ့ပါတယ်။ မင်းသားက ရယ်ရယ်မောမောနဲ့ “ဒါကတော့ မင်းထင်တဲ့အတိုင်းပါပဲ၊ ပတ်ဝန်းကျင်ကလူတွေ အများကြီး ဝေဖန်တာခံရတယ်၊ မက်ဆေ့ခ်ျတွေ အများကြီး လက်ခံရရှိခဲ့တာ ကြာပါပြီ” လို့ပြောပြပြီး

သူက “ကျွန်တော် Suzy နဲ့ အရမ်းအဆင်ပြေပါတယ်၊ ရိုက်ကူးရေးတွေမှာလည်း ရယ်ရယ်မောမောပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် ပူပန်မှုတွေကို မျှဝေခဲ့ပြီး ဒါရိုက်တာနဲ့ အများကြီး စကားပြောပြီး ကောင်းမွန်တဲ့ ဇာတ်ကွက်တွေ ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။” လို့ပြောပြလာခဲ့ပါတယ်။ကဲ ပရိတ်သတ်ကြီးတို့လည်း မင်းသားကို မကြိုက်ရင်တောင် ဇာတ်လမ်းသဘောရပဲလို့ သဘောထားကြဖို့ တိုက်တွန်းချင်ပါတယ်။ Anna ဇာတ်ကားနဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာလာ‌ရောက် မှတ်ချက်ပေးဖို့ဖိတ်ခေါ်ပါတယ်ဗျ။

Photo-credit

သတင်း အရင်းအမြစ်៖ KBIZoom

Add a Comment

Your email address will not be published. Required fields are marked *