ခန္ဂာကိုယ်နဲ့ပါတ်သက်ပြီး လှောင်ပြောင်နေသူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်တဲ့ မော်ဒယ်လ် ခင်ရူပ

သူမရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ မေးစေ့နဲ့ပတ်သက်ပြီး ပြောလာတဲ့ ပရိတ်သတ် တစ်ဦအား သတိပေး စကားဆိုလိုက်တဲ့ ခင်ရူပ ပရိသတ်ကြီးရေ ခင်ရူပကတော့အလှမယ်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေ ကြဲသွားပေမယ့်လည်း သူမအနေနဲ့ Live လွှင့်ကာ ဈေးရောင်းနေတဲ့ အနုပညာရှင်တစ်လက် လည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အခုချိန်မှာ ရပ်နားထားတဲ့ ခင်ရူပကတော့အိမ်ထောင်သည်ဘဝနဲ့ စီးပွားရေးတွေသာ ဉီးတည်လုပ်ကာ အေးချမ်းစွာ နေထိုင်နေသူ တစ်ယောက်လည်း ဖြစ်ပြီး အွန်လိုင်းပေါ်မှာ တင်လေ့ရှိတဲ့ သူမရဲ့ ဗီဒီယိုအတို ဟာသ အပြောလေးတွေကြောင့် သူမရဲ့ဖန်တွေကတော့ သူမအပေါ်မှာမေတ္တာတွေ တိုးကာ အချစ်တွေပို နေကြတာကိုလည်း တွေ့ရပါတယ်နော်။

ယခုအခါမှာတော့ သူမ တင်ထားသော ပို့စ်တစ်ခုရဲ့ မန့်အောက်မှာတော့ သူမရဲ့ပရိသတ် တစ်ခုကို သူမကို “မေးစေ့ အရမ်းချွန်လွန်းတယ်၊ သိပ်မလိုက်သလိုပဲ ကျန်တာ အကုန်လှ 😍😍😍”ဆိုပြီးမန့်လာတဲ့အေပါ် ခင်ရူပက ယခုလို တုန့်ပြန်လို့ လာခဲ့ပါတယ်။ “နောက်က အီမိုဂျီ ကြောင့်လည်း ကိုယ့်ကို ချစ်တယ်လို့ကို မမြင်မိတာပါ၊ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို shaming လုပ်တယ်လို့ဘဲ မြင်မိပါတယ်။

လူ့ကျင့်ဝတ် နားမလည်ဘူးလို့ဘဲ မြင်မိတယ်။ ဒါမျိုးတွေ အကုန်နီးပါး ဘန်းပါတယ်ရှင် ဘယ်သူမှ မပြည့်စုံတဲ့ဘဝမှာ ကိုယ့်ဘဝ မပြည့်စုံမှုထက် ပြောရရင်ကို ယ့်အိုးထက် သူများအိုး စိတ်ဝင်စားနေလို့လည်း ဘဝကြီးက မတိုးတက် လာနိုင်ပါဘူးနော်။အားနေဒါဘဲ ပြောစရာ ရှိနေကြတာလားဟင်? မလိုက်ပေမယ့်လည်း ဘာတတ်နိုင်မှာလည်း? လှနေတယ်လည်း မပြောပါနဲ့ ရပါတယ်၊ လူတိုင်းမပြည့်စုံပါဘူး ဒါကျမအားနည်းချက်ပါ။ ဒါဘဲလာလာ ထောက်ပြ နေစရာ မလိုပါဘူး။

တသက်လုံး ပြင်မှာ မဟုတ်တဲ့ မေးစေ့ပါရှင်၊ သက်ဆုံးတိုင်ထိ ဒီမေးစေ့နဲ့ ရှင်သန်မှာပါရှင် မိဘပေးတဲ့ မေးစေ့ပါ။ ကိုယ့်မျက်နှာ ကိုယ့်ဘဝကိုယ်သာ စိတ်ဝင်စားကြပါ လူအချင်းချင်း ပိန်ပိန်ဝဝ လှလှမလှလှ shaming လုပ်ခွင့်မရှိပါ။သင်တို့ တင်ကျွေး ထားရတာ မဟုတ်ပါ”ဆိုတဲ့စာလေးနဲ့ သူမအား အကုန်လှပေမယ့် မေးစေ့ချွန်တယ်လို့ ပြောလာခဲ့တဲ့ သူကို သတိပေးစကားပြောကြား လာခဲ့တာပါ။ ခင်ရူပရဲ့ ယခုလို တုန့်ပြန်ပြောကြားချက် အပေါ်မှာတော့ ဝေဖန်သူတွေကော၊ ထောက်ခံသူတွေပါ ရှိနေတာကို တွေ့ရပါတယ်။ဖတ်ရှု့အားပေးနေကြသော ဆယ်လီချစ်ပရိသတ်ကြီးများ အနေနဲ့ကော အဆိုပါ ပရိသတ်ရဲ့မှတ်ချက်နဲ့ ခင်ရူပရဲ့ တုန့်ပြန်လာမှုအပေါ် ဘယ်လိုမြင်လဲ ပြောကြားပေးခဲ့ ကြပါအုံးနော်။

crd

Add a Comment

Your email address will not be published. Required fields are marked *