မင်္ဂလာဆောင်မယ့် ပိုက်ဆံ သန်း50 ကိုဆင်းရဲတဲ့ကလေးတွေအတွက်လှူ လိုက် တဲ့ နာမည်ကြီးစုံတွဲ.

ကိုရီးယားက နာမည်ကြီးအနုပညာရှင်တွေရဲ့ဘဝဟာ တကယ်တော့စိတ်ဝင်စားစရာကောင်းပါတယ်။ အနုပညာရှင်တွေထဲမှာမှ တချို့သော သူတွေရဲ့ဘဝဟာ ရှုပ်ထွေးပြီး တချို့ကျတော့ သာမန်လူတွေလိုရိုးရှင်းနေတတ်ကြပါတယ်။ So Ji Seopလို့ပြောရင် အခုပြနေတဲ့ Dr. Lawyer ဆိုတဲ့ ဒရမ်မာကိုပြေးမြင်မိမှာပါ။.

အခုဆိုရင်တော့ မင်းသား So Ji-seop ဟာ အစီအစဉ်တင်ဆက်သူ Cho Eun-jung နဲ့ တွဲပြီး နှစ်နှစ်အကြာမှာ လက်ထပ်ခဲ့ပြီဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပတာမျိုး မရှိခဲ့ဘဲ ရိုးရိုးရှင်းရှင်းနဲ့ သူတို့ရဲ့မိသားစုနဲ့ အသိမိတ်ဆွေများကိုသာ ဖိတ်ကြားခဲ့ပါတယ်။. မင်္ဂလာဆောင်မယ့်အစား သူတို့စုံတွဲဟာ သင့်လျော်တဲ့ပညာရေးကိုရရှိဖို့ ရုန်းကန်နေရတဲ့ ကလေးငယ်များကို ကူညီတဲ့အနေနဲ့ ဝမ်သန်း ၅၀ ကို လှူဒါန်းပြီး ကုသိုလ်ကောင်းမှု ပြုခဲ့ကြပါတယ်။ So Ji-sub နှင့် Cho Eun-jung တို့ဟာ ဖျော်ဖြေရေး သတင်းအစီအစဉ် တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခဲ့ကြပါတယ်။

“Be With You” ဇာတ်ကားကို ပရိုမိုးရှင်းလုပ်ဖို့ အင်တာဗျူးသူနဲ့ အင်တာဗျူးဖြေသူအဖြစ် ပါဝင်ခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အဲ့ဒီအချိန်က ဗီဒီယိုဟာ ယခုတိုင် ပြောဆိုနေကြဆဲဖြစ်ပြီး အဲ့ဒီထဲမှာ So Ji-seop က Cho Eun-jung ကို ကြည့်တဲ့အချစ်မျက်လုံးတွေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပါဘူး။.

So Ji-seop ကအင်တာဗျူးသူကို မျက်စိမှိတ်မခွာနိုင်ဖြစ်နေတာကို မြင်လိုက်ရတော့ ဘေးက Son Ye-jin က အံ့သြနေတဲ့ပုံဖြစ်နေပါတယ်။ ထိုအချိန်မှစပြီး 2019 ခုနှစ်လောက်မှာ သူတို့ချစ်သူစုံတွဲကို အများသိလာကြပြီး Public စုံတွဲဖြစ်လာခဲ့ပါတယ်။So Ji-seop ကို 1977 မှာမွေးဖွားခဲ့ပြီး Cho Eun-jeong ကိုတော့ 1994 မှာမွေးဖွားခဲ့ပါတယ်။ အသက် 17 နှစ်လောက်ကွာတဲ့ သူတို့နှစ်ဦးဟာ အသက်အရွယ်ကိုမေ့ကာ ချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ကြတဲ့ စုံတွဲတစ်တွဲဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတော့ So Ji-seop ဟာ လေးနှစ်အတွင်း သူ့ရဲ့ပထမဆုံး comeback ဖြစ်တဲ့ “Doctor Lawyer” ဒရမ်မာမှာ ပါဝင်လာခဲ့ပါ။.

Photo-credit

သတင်း အရင်းအမြစ်៖ KBIZoom

Add a Comment

Your email address will not be published. Required fields are marked *