ဖခင်ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ သမီးဒေါ်အောင်ဆန်းစုကြည်ရဲ့ PDF တွေတိုက်နေတာလို့ ဘူးလက်လှဆွေ ပြောပြန်

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ထားတဲ့ မြန်မာ့တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ PDF တို့ တိုက်နေတာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဘူးလက်လှဆွေ (ခ) ဦးလှဆွေက ပြောကြားလိုက်ပြန်ပါသည်။

ဒီကနေ့နံနက်ပိုင်း နေပြည်တော်က ဥတ္တရသီရိမြို့နယ်၊ ကြံ့ခိုင်ရေးပါတီရုံးမှာကျင်းပတဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဘူးလက်လှဆွေက အခုလိုပဲပြောကြားသွားခဲ့တာဖြစ်ပါသည်။

နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်လို့ NUG ယာယီသမ္မတရဲ့ ပြောဆိုချက်အရ PDF တွေရဲ့ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်လို့ သတ်မှတ်ရမှာဖြစ်တယ်လို့ ဦးလှဆွေက ပြောသွားခဲ့ပါသည်။

ဒါ့အပြင် ဦးလှဆွေက “ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်တဲ့ တပ်မတော်နဲ့ သူ့သမီးတည်ထောင်တဲ့ PDF တို့ ချနေကြတာ ကျွန်တော်တို့က ဘယ်ဘက်က ရပ်မလဲ” လို့ ကြံ့ခိုင်ရေးပါတီဝင်တွေကို မေးမြန်းခဲ့ပြီး ကြံ့ခိုင်ရေးပါတီအနေနဲ့ ဦးနှောက်မရှိစွာတပ်မတော်ဘက်က ရပ်တည်မှာဖြစ်တယ်လို့ ပြောခဲ့ပါ‌သေးသည်။

crd

Add a Comment

Your email address will not be published. Required fields are marked *