ထွက်ပြေးတိမ်းရှောင်နေရပေမယ့် လက်ရှိသူမရဲ့ဓာတ်ပုံလေးကို ပရိတ်သတ်တွေအတွက် ပြသလိုက်တဲ့ မင်းသမီး ဖွေးဖွေး
|ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်နော်။ မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးဖွေး ဟာ ဇာတ်ကားတိုင်းမှာ ပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံး သရုပ်ဖော်တင်ဆက်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလဲ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုကြရပြန်ပါတယ်။ မင်းသမီး ဖွေးဖွေး ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် င့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ ကကြောင့် အိမ်ကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။
အိမ်နဲ့ဝေးကွာနေတဲ့ ဖွေးဖွေးဟာ အရင်တုန်းကပျော်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်လည်လွမ်းမိနေတဲ့အကြောင်းလေးတွေကို အမြဲတမ်းသူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားလေ့ရှိပါတယ်။ဒီကနေ့မှာတော့ သူမရဲ့လက်ရှိဓာတ်ပုံလေးကို ချစ်တဲ့ပရိသတ်တွေအတွက် တင်ပေးထားတာကြောင့် အလွမ်းပြေကြည့်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Credit