ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းသွားမည်ဟု စစ်ကောင်စီဆို

ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့အတွက် ယူနက်စကိုဆီ တင်သွင်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်က မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့အတွက် ယူနက်စကိုက လေ့လာမှုတွေလုပ်နေပြီး ရွှေတိဂုံစေတီတော်ကို ဆက်လက်ပြီးတော့ စာရင်းတင်သွင်းဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရှိရပါသည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိတဲ့ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO-ယူနက်စကို) ဝင်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊

ဒီဇင်ဘာလက တင်သွားခဲ့တာဖြစ်ပြီးတော့ ယခုနှစ် စက်တင်ဘာလမှာ ယူနက်စကိုအနေနဲ့ လာရောက်စစ်ဆေးတော့မှာ ဖြစ်တယ်လို့ သိရှိရပါသည်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပျူ၊ ဟန်လင်း ၊ ဗိဿနိုး စတဲ့မြို့ဟောင်းတွေနဲ့ ပုဂံဒေသတွေကို ယူနက်စကိုရဲ့ အသိအမှတ်ပြုဒေသတွေအဖြစ် အတည်ပြုထားတဲ့ ဒေသတွေလည်းဖြစ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *