သူမရဲ့ မင်္ဂလာပွဲ ကို လာရောက်မယ့်ဧည့်သည်တွေ ကို တစ်ခုပြုလုပ်ပေး ဖို့ တောင်းဆိုလိုက် တဲ့ မင်းသမီး Jang Nara

ဧည့်သည်တွေကို လိုက်ဖိတ်တဲ့ ဖိတ်စာမှာ Jang Nara က မင်္ဂလာပွဲကျင်းပမယ့်နေရာကို တခြားသူတွေကို အသိမပေးဖို့လည်း လူတိုင်းကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် သတို့သားရဲ့ မျက်နှာကို ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ပြီး မဖြန့်ဖို့၊ ဆိုရှယ်မီဒီယာပေါ်ကို မတင်ဖို့ တောင်းဆိုခဲ့ပါတယ်။ အကယ်၍တင်မယ်ဆိုရင်လည်း သတို့သားမျက်နှာကို ဝါးပေးဖို့ ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

ကိုရီးယားမင်းသမီး Jang Nara က မနက်ဖြန်ဆိုရင် သူမထက် ၆ နှစ်ငယ်တဲ့ ကောင်လေးနဲ့ မင်္ဂလာပွဲကို ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ဆိုးလ်မြို့၊ Naegok-dong၊ Seocho-gu ရှိ ဇွန်လ၂၆ ရက်နေ့ ညနေ ၆ နာရီ Bonelli Garden မှာ ကျင်းပမှာပဲ ဖြစ်ပါတယ်။သတို့သားက အနုပညာရှင်အသိုင်းအဝိုင်းထဲက မဟုတ်တာကြောင့် မင်္ဂလာပွဲကို နှစ်ဖက်မိသားစုအသိုင်းအဝိုင်း နဲ့ သူငယ်ချင်းတွေနဲ့သာ အကျဉ်းချုံး ကျင်းပမှာ ဖြစ်ပါတယ်။

သတို့သားလောင်းက 2019 ခုနှစ်က SBS ရဲ့ VIP ဒရာမာ ရိုက်ကူးစဉ် က Jang Na-ra နဲ့ တွေ့ဆုံခဲ့တဲ့ ကင်မရာဒါရိုက်တာတစ်ဦးဖြစ်ပြီး celebrity မဟုတ်တာကြောင့် မင်္ဂလာပွဲကို private ဆန်ဆန် သီးသန့်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူမရဲ့ ခင်ပွန်းလောင်းနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သော ကောလာဟလ သတင်းတွေမဖြန့်ဖို့ မီဒီယာတွေကလည်း တောင်းဆိုထားပါသေးတယ်။

Source : lovekpop95.com

Add a Comment

Your email address will not be published. Required fields are marked *