့ ကျော့ရှင်းတဲ့ အလှတရားတွေ ပေါင်းစပ် ကာ လှရက်လွန်းတဲ့ ပွဲတက်ပုံလေးတွေကို ဝေမျှလာတဲ့ ခင်ဝင့်ဝါ
|လတ်တလောမှာတော့ ပွဲတွေ အနည်းငယ်တတ်ရောက်လျက်ရှိတာကို တွေ့ရပါတယ်…။ အခုလည်း မြန်မာဝတ်စုံ ဒီဇိုင်းအဆန်းလေးနဲ့ ကျော့ရှင်းတဲ့ အလှတရားတွေ ပေါင်းစပ်ကာ ဆွဲဆောင်မှုရှိလွန်းတဲ့ ပွဲတက်ပုံလေးတွေကို ဝေမျှလာပါတယ်…။ ပုံတိုင်းက လှရက်လွန်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်…။
မင်းသမီးချောလေး ခင်ဝင့်ဝါက မော်ဒယ် တစ်ယောက်အနေနဲ့ ဘဝကိုရပ်တည်ပြီး နောက်ပိုင်းမှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ပရိသတ်အားလုံးရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်နော်…။
အမြဲပျော်ရွှင်စွာနေတတ်တဲ့ ချစ်အမူအရာလေးတွေကြောင့် ပရိသတ်တွေ အားပေးဝန်ရံခြင်းကို ခံနေရတာပါ…။ ဒါ့အပြင် သရုပ်ဆောင်ပိုင်းမှာ ဘယ်လိုဇာတ်ရုပ်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုလည်း မမှားပါဘူး…။
Photo – Khin Wint Wah