ရေမွန့် ရဲ့ မိသားစုတွေ ဆီ ကို အရေး ပါ တဲ့ ပစ္စည်းလေး တစ် ခု ကို လက်ဆောင်ပေး လိုက် တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော် နဲ့ အဆိုတော် ရေမွန်တို့ကတော့ အနုပညာလောကထဲမှာ ကျင်လည်နေကြတဲ့ အနုပညာရှင်တွေပီပီ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်… ။ ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့မှာလည်း သရုပ်ဆောင် သင်ဇာဝင့်ကျော်က ရေမွန် ရေးသားပေးခဲ့တဲ့ “ရင်မခုန်တတ်သူ” သီချင်းလေးကို သူမပရိသတ်တွေဆီ ချပြခဲ့ပါသေးတယ်နော်…။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အဆိုတော် ရေမွန်ရေးသားပေးခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ “ရင်မခုန်တတ်သူ” သီချင်းလေးဟာလည်း ပရိသတ်တွေနှစ်ခြိုက်ပြီး အားပေးကြတာကိုလည်း တွေ့ရပါတယ်…။ ဒီနေ့မှာလည်း သရုပ်ဆောင် သင်ဇာဝင့်ကျော်က `ရင်မခုန်တတ်သူ´ သီချင်းထဲက အရေးပါတဲ့ပစ္စည်းလေးတစ်ခုကို အဆိုတော်ရေမွန့်ရဲ့မိသားစုတွေဆီ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်…။အဆိုတော် ရေမွန်ရဲ့ညီမလေး လပြည့်ကဗျာက

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

“`ရင်မခုန်တတ်သူ´ သီချင်းမှာပါတဲ့ ကိုတွတ် ပန်းချီကားလေးကို 🥰 လက်ဆောင်လေးပေးလို့ Thank you so much ပါ။ မမ Thin Zar Wint Kyaw 😘” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်… ။ သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူမရဲ့ `ရင်မခုန်တတ်သူ´ သီချင်းထဲမှာ သူငယ်ချင်းရေမွန်ရဲ့ ပုံတူပန်းချီကားလေးကို အသုံးပြုခဲ့ပြီး ထိုပန်းချီကို ရေမွန့် ရဲ့မိသားစုတွေဆီပဲ လက်ဆောင် ပြန်ပေးခဲ့တာပဲ ဖြစ်ပါတယ်… ။ ရေမွန် တို့မိသားစုလေးကတော့ သင်ဇာဝင့်ကျော် ရဲ့လက်ဆောင်လေးအတွက် တော်တော်လေးဝမ်းသာနေကြလျက်ရှိတာပဲ ဖြစ်ပါတယ်နော်…။

Source: Lapyae Gabyar’s fb

Credit ; Cele Active World

Add a Comment

Your email address will not be published.