ငွေလိမ်သွားတဲ့အဆိုတော်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဆီမဆိုင်ရေမွန် ကိုပါဆွဲထည့်ပြီးဝေဖန်နေတဲ့သူတွေ ကို ပြတ်ပြတ်သားသားပြောလိုက်တဲ့ လပြည့်ကဗျာ

အဆိုတော် ရေမွန် ကတော့ လူကြီး၊ လူငယ် ၊လူလတ်ပိုင်း အားလုံး ကြိုက် နှစ်သက် အားပေးရတဲ့ အဆိုတော် တယောက်ပါ။ အောင်မြင်မှုတွေ ရှိနေတဲ့ အနုပညာရှင်တယောက်ဖြစ်ပေမဲ့ အောင်မြင်မှုကို ကြာရှည် မခံစားလိုက်ရဘဲ ပြီးခဲ့တဲ့ ဇွန်လ(၂၃)ရက်နေ့က ကွယ်လွန်သွားခဲ့တာဘဲ ဖြစ် ပါတယ် ။ အရွယ်မတိုင်ခင်ကြွေလွှင့်ခဲ့ပေမယ့် အားလုံးရဲ့ရင်ထဲမှာ ရေမွန်ကို အမှတ်ရ နေကြဆဲဖြစ်ပြီး ဒီနေ့အချိန်ထိတိုင် ရေမွန်ရဲ့ သီချင်းတွေကို နားထောင်နေကြဆဲလည်းဖြစ်ပါတယ်။အဆိုတော် ရေမွန်ကွယ်လွန်သွားတာ တစ်နှစ်ကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ်နော်..။

ဘာနာမည်ပြတ်မှ မရှိပဲ အနုပညာလမ်းကြောင်းပေါ်မှာ အေးဆေးစွာနဲ့ဖြတ်သန်းခဲ့တဲ့ရေမွန်ဟာကွယ်လွန်သွားခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဆိုပေမယ့် ဝေဖန်မှုတွေကို ကြုံကြိုက်နေရသေးတာပဲဖြစ်ပါတယ်နော် ။ ဒီကနေ့မှာလည်း ငွေလိမ်သွားတဲ့ အဆိုတော်တစ်ယောက်ရဲ့

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သတင်းနဲ့ပတ်သက်ပြီး မဆီမဆိုင်ရေမွန်က ဝေဖန်ခံနေရတဲ့ အကြောင်း ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာက သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာပြောလာပါတယ် ။ အဆိုပါ သခင်ထွန်းဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ဟာ “ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ပြသနာက ဘာလဲဆိုတော့ပုဂ္ဂိုလ်ရေး၊ ကိုးကွယ်ချင်တဲ့ ပြသနာပဲ။ အနုပညာရှင် ဆိုတဲ့ သူတွေနဲ့ ပတ်သက်လာရင် ပိုဆိုးတယ် ။ သူတို့မတွေးမိတာက အနုပညာရှင်/သရုပ်ဆောင်ဆိုတာ နဂိုကတည်းက ကိုယ်တွေကို သဘောကျအောင် စိတ်ထဲကပါသည်ဖြစ်စေ ။ မပါသည်ဖြစ်စေ ပရိတ်သတ်

သဘောကျအောင် သရုပ်ဆောင်နေကြတာကိုပဲ ။ ဥပမာ သေသွားတဲ့ အဆိုတော်တစ်ယောက် ကျနော်ဆို ဒီတော်လှန်ရေး ကာလမှာ သေသွားလို့သာ သူဘယ်သူလဲ ဘယ်သူဘယ်ဝါရဲ့သားလဲဆိုတာ သိတာ သူတင်ကိုယ်တင် ပစ်ပြီးကျဆုံးတာလဲ မဟုတ်နေမကောင်းဖြစ်ပြီး နံလံထကာလမှာ အရက်သောက်ပြီးသေတာ။ ဒါလဲ ကျနော်တို့ ပြည်သူတွေ အတွက် သူရဲကောင်းပဲ။ ဒါကလဲ ဟိုတစ်လောက တော်လှန်ရေးမှာ ရဲရဲတောက်ပါတယ်ဆိုတဲ့ ကိုယ့် Fri တွေ တစ်နှစ်ပြည့်ဆိုပြီး တစ်ခုတ်တရတင်ထားလို့ ရီချင်လို့ အမှတ်ပြန်ရတာ…

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

😄😄😄” စသဖြင့် ရေးသားခဲ့တာဖြစ်ပါတယ် ။ ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာကတော့ သေပြီးသားသူအပေါ်ကိုတောင် အခုလို ဝေဖန်ရှုံ့ချနေတဲ့အတွက် “အော် ကိုတွတ်လဲ အေးဆေးမနေရပါလား သခင်ထွန်းရယ်😅ဟိုမှာ ဘယ်လောက် ငတ်ခဲ့သလဲ ဘယ်လောက်နေမကောင်းတွေဖြစ်ပြီး ဒုက္ခရောက်ခဲ့လဲဆိုတာသူကိုယ်တိုင်လဲ အဲ့နေရာကိုရောက်နေတာပဲ သိမှာပါ ။ a thet ၁ခုလုံးတောင် ရင်းပီးထွက်သွားခဲ့တာကို ဘာတွေများထပ်မျှော်လင့်နေလဲမသိဘူး။ လိမ်ရင်လိမ်တဲ့သူကို ဒဲ့မပြောဘူး ။ မဆိုင်တဲ့သူတွေပတ်ရမ်းနေတာ” ဆိုပြီ့း သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးလာတာပဲဖြစ်ပါတယ် ။ ဘယ်လိုပဲဝေဖန်မှုတွေရှိနေပါစေရေမွန်ကိုချစ်တဲ့ပရိတ်သတ်တွေကတော့ ဒီကနေ့ထိ ရှိနေဆဲပါပဲနော်…။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေနော်…။

Source: Lapyae Gabyar’s fb

Credit ; Celebrity Platformsmdatenews

Add a Comment

Your email address will not be published.