တော်လှန်ရေးမှာ အညာသားတွေရဲ့ သမိုင်းတွင်စေတဲ့ ပေးဆပ်မှု့တွေကို ထုပ်ဖော်ပြောပြလို က် တဲ့ ကိုပေါက်

ဒါရိုက်တာ ကိုပေါက် ဟာ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ် ။လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။ ဒါအပြင်တ်ာလှန်ရေးကာလအတွင်း ပြည်သူတွေသွေးမအေးသွားစေဖို့အတွက်လဲ အချိန်တိုင်းနှိုးဆော် နေသူတစ်ဦးလဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက် ဟာ အနုပညာမှာ

ဘက်စုံတော်လွန်းရုံတင်မက ဟင်းချက်တာလဲ အရမ်းကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါကြောင့်လဲ ရံဖန်ရံခါဆိုသလို အတူနေရဲဘော်တွေကို အရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်ကျွေးမွေးတတ်ပါတယ်။ ကိုပေါက် ကတော့ နွေဦးတော်လှန်ရေးမှာ အညာသားတွေရဲ့ သမိုင်းတွင်စေတဲ့ပေးဆပ်မှု့တွေကို ပြောပြလိုက်ပါတယ်။ ”

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ရင်တွေလည်းနာလှပါပြီ။ အညာသားတွေရဲ့ ဇ နဲ့ ပေးဆပ်မှူက ကမ္ဘာကြီးကို တုန်ဟီးစေတယ်။ မြို့ကြီး ပြကြီးတွေက တချို့တချို့တွေ ဒီတော်လှန်ရေးကိုလူကြားကောင်းရုံလောက်ဟစ်ပြီး မဆိုင်သလိုနေတဲ့ တချို့ တချို့တွေ ခံစားတတ်တဲ့ နှလုံးသားနာကျင်ရကောင်းမှန်းသိတဲ့ ဦးနှောက်အမှတ်သည်းခြေရှိတဲ့ဆုံးဖြတ်ချက်တွေနဲ့ဒီတော်လှန်ရေးကို ပါဝင်လိုက်စမ်းပါ။

အခုလုပ်နေတဲ့အာဏာရှင်ရဲ့လုပ်ရပ်တွေက ရှေ့ဆက်ပြီး နိုင်ငံကောင်းဖို့လမ်းမမြင်တော့ဘူးဆိုတာကိုမြင်တတ်အောင်ကြည့်ပါ” လို့ ဒါရိုက်တာ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ဒါရိုက်တာ ကိုပေါက် ကတော့ ဘယ်အရာမဆို ခံယူချက်ကအရေးကြီးတယ်ဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Add a Comment

Your email address will not be published.