နှစ်ခါပြန်ကြည့်ချင်လောက်အောင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိ လှလွန်းနေတဲ့ မင်းသမီး အိချောပို

စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပြီး အပိုလိုမရှိကွက်တိကျလွန်းတဲ့ သရုပ်ဆောင် မှုတွေကြောင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနေသူ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးမ ရှိဘဲ ” အနုပညာ ပျိုးခင်း ” မှတစ်ဆင့် လူရွေးချယ်ခံကာ ဝင်ရောက်လာသူဖြစ်ပြီး ယနေ့ချိန်မှာတော့ ထိပ်တန်းမင်းသမီးလေး တစ်လက်အဖြစ် ရပ်တည်နေပါပြီနော်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စူစူဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုလေးတွေ သိပ်မလုပ်သေးဘဲ အနားယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အလွမ်းပြေစေရန်လည်း သူမရဲ့ ပုံရိပ်လေးတွေအမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အားရင် အားသလိုလည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိပြီး သူမရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ယခုမှာတော့ ရိုက်ကွင်းတစ်ခုက အရမ်းလှတဲ့ ပုံတွေကို တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ စူစူ ရဲ့ ပုံတွေကို ချစ်တဲ့ ရိသတ်ကြီး ကြိုက်မယ်လို့ ယုံကြည့်ပါတယ်နော်။

Source and Photo Crd- Ei Chaw Po’s Facebook Account

Add a Comment

Your email address will not be published.