NLD ပါတီကို ပြည် သူ့ပါတီ ဖြစ်နေသမျှ ကျေးဇူးတင် စွာ ထောက်ခံနေ မည်ဖြစ်ကြောင်း လူ သိ ရှင်ကြား ပြောကြား လာ တဲ့ အဆိုတော် သျှီ

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေ ရဲ့အားပေးမှု့ကို တ စ်ခဲနက်ရရှိခဲ့တဲ့ အဆိုတော် သျှီ ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမှာပါ။ဆူးလေး၊ကယ်တင်ခြင်း အစရှိတဲ့သီချင်းတွေနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တဲ့ သူမကတော့ အခုချိန်ထိလဲ ပရိသတ်တွေအချစ်ကိုခံယူနေတုန်းပါပဲ။သျှီ ဟာလဲ အမှန်တရားဘက်တော်သားတ စ်ဦးဖြစ်ပြီး ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့တာပါ။ ဒါကြောင့်လဲ လက်ရှိမှာ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းကြောင့်ဘေးကင်းရာကို တိမ်းရှောင်နေရပြီး ချစ်တဲ့သူများနဲ့ဝေးရာမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ လက်ရှိမှာ သူမ ဟာဘေးကင်းတယ်လို့ အသိပေးထားပါတယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အဆိုတော် သျှီ ကေ တာ့ ဓမ္မဘက်သားတွေရဲ့ အောင်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ရင်း ချ စ်ရသူများနဲ့လည်း ပြန် ဆုံတွေ့ချင်ပါတယ်တဲ့။“မမေ့နိုင်တဲ့ အနီးဆုံးသမိုင်းထဲမှာNLD ကို တသမတ်တည်း ထောက်ခံခဲ့တဲ့ ကျမတို့မိသားစုလည်း ပါဝင်မဲပေးခဲ့ ၊ လက်သန်းလေးတွေ မင်စွန်းခဲ့ ၊ ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ် …( ခုချိန်ထိလည်း ထောက်ခံဆဲ ဖြစ်ပြီး တိုင်းပြည်အတွက် ၊ ပြည်သူတွေဘက်ကို NLD ဟာမျက်နှာမူထားတယ်လို့ ယုံကြည်နေရသမျှ ထောက်ခံနေမှာပါ )ဒါဟာ ကျမရဲ့ယုံကြည်ချက်ဖြစ်သလိုNLD ဟာလည်းနိုင်ငံ့အတွက် လိုအပ်ချက် ဖြစ်ကြောင်း သမိုင်းတွေမှာ အဖြေတွေက ရှိပြီးသားပါ

အဆန်ခရီးနဲ့ NLD ဟာ ဒီမိုကရေစီခရီးကြမ်း ကို ဖြတ်သန်းခဲ့ရပြီး အခုထိတိုင်ဖြတ်သန်းနေရဆဲ ဖြစ်ကြောင်းလည်း အလွန်မြင်သာနေဆဲဖြစ်ပါတယ် …ဒီနေရာကနေပြီး အသက်စွန့်သွားရတဲ့ပါတီဝင်များ တာဝန်ရှိသူများကိုလည်း ငြိမ်းအေးပါစေကြောင်းအမျှဝေရင်းကစိတ်မကောင်းကြီးစွာဖြင့် အလေးပြုလိုက်ပါတယ် …ကျန်ရှိတာဝန်ယူထားသူ တော်လှန်ရေးထဲ တာဝ န်ထမ်းဆောင်နေသူများကိုလည်း ကျေးဇူးတင်လျှက်ပါ …”ပါတီထောင်တာလည်း ပြည်သူတွေအတွက် ဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ့ ပါတီရှိနေပါမယ် ” လို့ ကျမတို့ခေါင်းဆောင်က ဆိုခဲ့တာမို့

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ပြည်သူ့အတွက် အမှန်တကယ် အလုပ်လုပ်ပေးကြဖို့ ၊ အလုပ်လုပ်သူတွေ ပိုများဖို့နဲ့ ဘေးထိုင်တာဝန်ရှောင်သူများကိုလည်း ပြည်သူကလက်ခံမှာမဟုတ်ကြောင်း အသိပေးလိုပါတယ်… ကျမကလည်း ပြည်သူထဲက တယောက် သာဖြစ်ပြီး NLD ပါတီဝင် တယောက်မဟုတ်ပါကြောင်း နှင့် ပြည်သူ့ပါတီ ဖြစ်နေသမျှ ကျေးဇူးတင်စွာ ထောက်ခံနေမ ည်ဖြစ်ပါ ကြောင်းဒီနေ့မှာ ဒီနေရာကနေ ပြောလိုပါတယ် …မပြောင်းလဲသောသမိုင်းကောင်းများနှင့် NLD ဟာ ပြည်သူ့ပါတီ အဖြစ် ဆက်လက်ရှေ့ဆက်ရင်း … စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကို အောင်မြင်စွာ တည်ထောင်ပေးနိုင်ပါစေလို့ ဆန္ဒပြုရင်း …”လို့ အဆိုတော် သျှီ ဟာ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *