ပိုင်တံခွန်ကို ပစ် မှာစော် ကားရလောက်တဲ့ အထိအောက်တန်း မကျကြောင်း ရင်ဖွင့်ပြောပြ လာ တဲ့ ရှင်ဘုန်းပြည့်

ပရိသတ်ကြီးရေမင်းသားချောပိုင်တံခွန်ကတော့ ပြည်တွင်းသာမ က ပြည်ပနိုင်ငံတွေထိပါ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ပြီး နှာခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ကြောငြာတွေလည်းရိုတ်ကူးနေရတာဖြစ်ပါတယ်

ပိုင်တံခွန်ကတော့ မကြာသေးမီကမှ အနုပညာလောကရောက်လာ တဲ့ ညီငယ်လေး ရှင်ဘုန်းပြည့်ကို လက်တွဲခေါ်ပြီး ညီအစ်ကိုနှစ်ယောက် ကြောငြာအတူရိုတ်ကူးခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့ ရှင်ဘုန်းပြည့်က သူတင်လိုက်တဲ့ My Day လေးတစ်ခုကို ပုံကြီးချဲ့သူတွေကြောင့်အစ်ကိုဖြစ်သူပိုင်တံခွန်အပေါ် စော်ကားသလိုဖြစ်သွားရတယ်ဆိုပြီး အခုလိုမျိုးပြောလာပါတယ်။ ရှင်ဘုန်းပြည့်က “ဒီသတင်းက ရင်ထဲမကောင်းဘူးဖြစ်သွားတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခင်ဗျားတို့ပရိတ်သတ်တွေ ကို ဆွဲဆောင်အောင်ရေးထားပေမဲ့ my dayလေးတစ်ခု ကိုပုံကြီးချဲ့ပြီးမပြော လိုက်ပါနဲ့ ကျနော်Accထဲမှာကိုပိုင်ကိုထိခိုက်အောင်ရေးထားတာ ကျော်နိုင်အောင်ရေးထားတာ တစ်ခုမှမရှိသလိုစိတ်နဲ့တောင်မစဉ်းစားဖူးပါဘူး။ ကျနော်ခုလိုနေနိုင်စားနိုင်အောင်ကိုပိုင်ကပဲထောက်ပံပေးနေတာ ကိုပိုင်လိုလူတစ်ယောက်ကိုပစ်မှားဖို့နေနေသာသာစိတ်ကူးနဲ့တောင် မစဉ်းစားမိဘူး။ မိဘတွေကိုပြည် စုံအောင်ထားနိုင်တဲ့လူကိုကျနော်ကမာန်မာနထား ရမှလား ကျွန်တော် မြန်မာလူမျိုးတစ်ယောက်ပါ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စိတ်ဓာတ်အဲ့လောက်အောက်တန်းမကျပါဘူး။ မိဘအပေါ်မှာရောညီကိုမောင်နှမအပေါ်မှာပါဂရုစိုက်ပြီးလိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးတဲ့ ကိုပိုင်လိုလူမျိုးကိုကျနော် လိုက်နိုင်ဖို့မပြောနဲ့ခြေဖျားမှီဖို့တောင်ကြိုးစားရအုံးမှာပါ။ ကျွန်တော်ကိုယ်တိုင်ကလဲ အကို့လိုမိဘကို လုပ်ကျွေးနိုင်အောင်ကြိုးစားချင်တာပါ သတင်းအမှားတွေရေးပြီးတော့ ပရိသတ်အကြိုက်လုပ်မယ့်အစားသူ့ဘက်ကိုယ့်ဘက်မျှတွေးပေးပါ အမှားပါရင် နားလည်ပေးပါ🙏🙏🙏🤍” ဆိုပြီး ရင်ဖွင့်လာခဲ့ တာ ပဲဖြစ်ပါတယ်။

Source: Shin Bhone Pyae ‘s fb

Add a Comment

Your email address will not be published. Required fields are marked *