အလန်းစား ပုံစံလေးနဲ့ သွယ်လျနေတဲ့ သူမရဲ့ အလှတရားတွေကို ချပြာလာတဲ့ စံရတီမိုးမြင့်
|ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ် ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့်ပဲဖြစ်ပါတယ်။ဆယ်စုနှစ်ကျော်တိုင် အောင် အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဗီဒီယိုဇာတ်ကားများတွင်လည်း ကာရိုက်တာမျိုးစုံကိုပီပြင်ပိုင်နိုင်အောင် သရုပ် ဆောင်နိုင်တာကြောင့်လည်းဝါရင့်အနု ပညာရှင်များကတောင်ချီးကျုးနေကြတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် အားလုံးက သဲလို ချစ်စနိုးခေါ်ကြပြီး သရုပ်ဆောင်ကောင်းကာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဖမ်းစားတတ်တဲ့ သူမကတော့ အချိုးအစားကျပြီး ကျော့ရှင်းတဲ့အလှတရားတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားသူလေးလည်း ဖြစ်ပါတယ် ။
သဲက gym လည်း ပုံမှန်ဆော့သူလေးဖြစ်ရာ ပျိုပျိုမေလေးတွေ အားကျသွားရလောက်တဲ့ အဆီပိုမရှိတဲ့ ခန္ဓာကိုယ် အလှတရားတွေ ကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင်လိုလည်း live လွှင့်ကာရင်းရင်းနှီးနှီးစကားပြောလေ့ရှိတာလည်းတွေ့ရပါတယ် ။ဒါ့အပြင် သူရဲ့ လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ ရှိပါသေးတယ်။ယခုတခါမှာလည်း အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး အရုပ်မလေးလိုချစ်စရာကောင်းနေတဲ့ ပုံရိပ်တွေကိုမျှဝေလာပါတယ်။သဲရဲ့ပုံတိုင်းက ကျစ်လစ်သွယ်လျပြီး ဆွဲဆောင်မှုရှိကာ ချစ်စရာကောင်း လွန်းနေတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Photo San Yati Moe Myint