မိမိုက်နေ တဲ့ ဖက်ရှင်လေးနဲ့ အထာ ကျကျ ပို့စ်တွေပေး ကာ လန်းလွန်းနေ တဲ့ စံထိပ်ထားဦး

မြင်သူတိုင်းကို အချစ်ပိုစေတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ စံထိပ်ထားဦးလည်း အပါအဝင်ပါပဲ ။ ဆွဲဆောင်မှုရှိတဲ့ အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ကလေးလေးလို ဖြူစင်တဲ့ အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတာလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေရဲ့ အသည်းလေးတွေကြွေဆင်းနေရတာပါ ။

စံထိပ်ထားဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေပြီဖြစ်ပါတယ်နော်။ ထိပ်ထိပ်လေးက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူလေးဖြစ်တဲ့အပြင် ရိုးရိုးအေးအေးလေး‌နဲ့ နေထိုင်တတ်တဲ့သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်တစ်ယောက် အချစ်တွေပိုပြီးရင်းပိုနေရတာလည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း မိမိုက်နေတဲ့ ဖက်ရှင်လေးနဲ့ အထာကျကျပို့စ်တွေပေးကာ လှရက်လွန်းနေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ ထိပ်ထား တစ်ယောက် ပြီးပြည့်စုံတဲ့ အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိရှိလေး လှရက်လွန်းနေလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone,Photo – San Htate Htar Oo

Add a Comment

Your email address will not be published. Required fields are marked *