မသိတတ္တဲ့ မိဘ တခ်ိဳ႕ရဲ႕ သားသမီးေတြ ဘဝ ဟာ တကယ္ကိုစိတ္မေကာင္းစရာပါ

မိဘတိုင္း သားသမီးတိုင္းကို မဆိုလိုပါဘူးဗ်ာ။ေကာင္းတဲ့မိဘ ရွိသလို ဆိုးတဲ့မိဘလဲ ရွိပါတယ္။လိမၼာေသာ သားသမီး ရွိသလို မလိမၼာတဲ့ သားသမီးလဲ ရွိတာပါ။မ်ားေသာအားျဖင့္

ေသေျမႀကီး ရွင္ေ႐ႊထီး ဆိုတဲ့စိတ္မ်ိဳးနဲ႔ တိုင္းတစ္ပါးထြက္လာၿပီးေတာ့ အလုပ္လုပ္ေနၾကသူအမ်ားစုဟာ အေသာက္အစား ရွိေနၾကပါေပမယ့္လည္း လစာထြက္ရင္ မိဘေတြကို ဦးဦးဖ်ားဖ်ား ပို႔ၾကတာမ်ားပါတယ္ေနာ္။

အေသာက္အစား အေပ်ာ္အပါး ရွိတတ္ၾကေပမယ့္လည္း ဘာသာ သာသနာနဲ႔ လူမ်ိဳးအက်ိဳးကို အစုအဖြဲ႕အလိုက္ ေဆာင္႐ြက္ေနၾကတာမ်ားၿပီး မိဘေက်းဇူးကိုလဲ သိတတ္ ဆပ္တတ္ၾကတာ မ်ားပါတယ္ေနာ္။တပည့္ေတာ္ေတာ္မ်ားမ်ားထဲက ေတြ႕ရတာက

အလုပ္အကိုင္ေကာင္းၿပီးေတာ့ ေငြေၾကး အဆင္မေျပ ေငြ မစုမိၾကတာ မ်ားပါတယ္ေနာ္။အခ်ိန္တန္လို႔ပဲ ျဖစ္ျဖစ္ အခ်ိန္မတန္ပဲျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ဘဲ ျပည္ေတာ္ျပန္ အိမ္ျပန္ၾကတဲ့အခါ ေငြေၾကး စုမိေဆာင္းမိထားသူ သိပ္မရွိပဲ

လက္ဗလာနဲ႔ ျပန္ၾကတာမ်ားၿပီးေတာ့ က်န္ရွိေနခဲ့တဲ့ မိဘေတြကလဲ သားသမီးေတြ ျပန္လာရင္ အဆင္ေျပေျပေနႏိုင္ေအာင္ လုပ္ငန္းေလးေတြ အစပ်ိဳးေပးထားဖို႔ ေနေနသာသာ သားသမီးေတြဟာ ႏိုင္ငံျခားမွာ ရွိတယ္။

အခ်ိန္တန္ လစာထြက္ရင္ ေငြပို႔လာမယ္ဆိုတဲ့ စိတ္မ်ိဳးနဲ႔ပဲ ေအးေဆးမေနပဲ အေသာက္အစား အေပ်ာ္အပါး ေလာင္းကစားေတြ မ်ားတာပါေနာ္။တိုင္းတစ္ပါးမွာ ဆင္းဆင္းရဲရဲ လုပ္ကိုင္ေနထိုင္ၿပီး

ေငြရွာေနၾကတဲ့ သားသမီးေတြကပဲ မိဘက်န္းမာေရးကိစၥ မဟုတ္တဲ့ ေလာင္းကစားေႂကြးကိုပဲ အလည္မီေအာင္ ႀကိဳးစား ဆပ္ေပးေနရင္းနဲ႔ ဒုံရင္းဒုံရင္း ျဖစ္ေနတတ္ၾကတာပါ။

ဒီပုံေလးကို ျမင္ၿပီးေတာ့ ဆင္းဆင္းရဲရဲ ေနထိုင္ လုပ္ကိုင္ စားေသာက္ကာ မိဘေက်းဇူးဆပ္ေနၾကတဲ့ လိမၼာတဲ့ တပည့္ေတြကို သတိရသြားလို႔ပါဗ်ာ။source;ေ႐ႊပါရမီ ပညာဒါန – ထိုင္းႏိုင္ငံ

unicode

မိဘတိုင်း သားသမီးတိုင်းကို မဆိုလိုပါဘူးဗျာ။ကောင်းတဲ့မိဘ ရှိသလို ဆိုးတဲ့မိဘလဲ ရှိပါတယ်။လိမ္မာသော သားသမီး ရှိသလို မလိမ္မာတဲ့ သားသမီးလဲ ရှိတာပါ။များသောအားဖြင့်

သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့စိတ်မျိုးနဲ့ တိုင်းတစ်ပါးထွက်လာပြီးတော့ အလုပ်လုပ်နေကြသူအများစုဟာ အသောက်အစား ရှိနေကြပါပေမယ့်လည်း လစာထွက်ရင် မိဘတွေကို ဦးဦးဖျားဖျား ပို့ကြတာများပါတယ်နော်။

အသောက်အစား အပျော်အပါး ရှိတတ်ကြပေမယ့်လည်း ဘာသာ သာသနာနဲ့ လူမျိုးအကျိုးကို အစုအဖွဲ့အလိုက် ဆောင်ရွက်နေကြတာများပြီး မိဘကျေးဇူးကိုလဲ သိတတ် ဆပ်တတ်ကြတာ များပါတယ်နော်။တပည့်တော်တော်များများထဲက တွေ့ရတာက

အလုပ်အကိုင်ကောင်းပြီးတော့ ငွေကြေး အဆင်မပြေ ငွေ မစုမိကြတာ များပါတယ်နော်။အချိန်တန်လို့ပဲ ဖြစ်ဖြစ် အချိန်မတန်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ဘဲ ပြည်တော်ပြန် အိမ်ပြန်ကြတဲ့အခါ ငွေကြေး စုမိဆောင်းမိထားသူ သိပ်မရှိပဲ

လက်ဗလာနဲ့ ပြန်ကြတာများပြီးတော့ ကျန်ရှိနေခဲ့တဲ့ မိဘတွေကလဲ သားသမီးတွေ ပြန်လာရင် အဆင်ပြေပြေနေနိုင်အောင် လုပ်ငန်းလေးတွေ အစပျိုးပေးထားဖို့ နေနေသာသာ သားသမီးတွေဟာ နိုင်ငံခြားမှာ ရှိတယ်။

အချိန်တန် လစာထွက်ရင် ငွေပို့လာမယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ အေးဆေးမနေပဲ အသောက်အစား အပျော်အပါး လောင်းကစားတွေ များတာပါနော်။တိုင်းတစ်ပါးမှာ ဆင်းဆင်းရဲရဲ လုပ်ကိုင်နေထိုင်ပြီး

ငွေရှာနေကြတဲ့ သားသမီးတွေကပဲ မိဘကျန်းမာရေးကိစ္စ မဟုတ်တဲ့ လောင်းကစားကြွေးကိုပဲ အလည်မီအောင် ကြိုးစား ဆပ်ပေးနေရင်းနဲ့ ဒုံရင်းဒုံရင်း ဖြစ်နေတတ်ကြတာပါ။

ဒီပုံလေးကို မြင်ပြီးတော့ ဆင်းဆင်းရဲရဲ နေထိုင် လုပ်ကိုင် စားသောက်ကာ မိဘကျေးဇူးဆပ်နေကြတဲ့ လိမ္မာတဲ့ တပည့်တွေကို သတိရသွားလို့ပါဗျာ။source;ရွှေပါရမီ ပညာဒါန – ထိုင်းနိုင်ငံ

Add a Comment

Your email address will not be published. Required fields are marked *