ပရိသတ်တွေ အံသြသင့်စရာ ပိုစ့်တွေနဲ့ မိလွန်းနေတဲ့ စူးရှထက် ရဲ့ ပုံရိပ်များ





unicode

Model မလေးစူးရှထက်ကတော့ အမိုက်စားပုံရိပ်တွေ နဲ့ ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားအောင်မြင်ခဲ့သူလေးပဲ ဖြစ်ပါတယ် ။ ပုရိသတွေရဲ့သည်းသည်းလှုပ် ဝန်းရံခြင်းခံခဲ့ရတဲ့ စူးရှထက်က ပြေပြစ်သွယ်လျတဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ စူးရှထက်ကတော့ ကြော်ငြာနဲ့ Photo Shooting တွေအများအပြား ရိုက်ကူးခဲ့သလို သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ စူးရှထက်က Live Sale တွေ ရောင်းချပြီး Online Shopping အလုပ်ကိုလုပ်ကိုင်နေသလို သူမရဲ့ဖက်ရှင်ဆိုင်လေးကိုလည်း ကိုယ်တိုင်ဦးစီးနေတာ ဖြစ်ပါတယ် ။ စူးရှထက်က အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့်လည်း ပရိသတ်တွေအတွက် အခွီဗီဒီယိုလေးတွေနဲ့ Tik Tok ဗီဒီယိုတွေကို ပုံမှန်တင်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း စူးရှထက်က သူများတွေ နဲ့မတူအောင် ဓာတ်ဖမ်းထားတဲ့ပုံတွေကို ချပြလိုက်တာ ဖြစ်ပါတယ် ။

စူးရှထက်က လူသွားတဲ့ဝါးတံတားတစ်ခုအပေါ်မှာ ခြေပစ်လက်ပစ်လဲ လျောင်းပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အိပ်ပြလိုက်တာ ဖြစ်ပါတယ် ။ “အေးဆေးပဲလား” ဆိုတဲ့Caption လေးနဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာတင်ထားတဲ့ စူးရှထက်ရဲ့ပုံရိပ်လေးတွေကတော့ မြင်နေကျပုံစံတွေနဲ့ကွဲထွက်ပြီး ပရိသတ်တွေကို အမြင်ဆန်းစေခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဘေဘီစူးရှထက်ရဲ့အမိုက်စားအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zar Chi’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *