မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှလဲ ပြည်သူနှင့် အတူ ပါဝင်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်
|မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (အင်္ဂလိပ်: Myanmar Motion Picture Organization) သည် မြန်မာရုပ်ရှင်လောကကို ကိုယ်စားပြုသည့်
အကျိုးအမြတ်မယူသည့် တရားဝင် အဖွဲ့အစည်း (non-profit organization) ဖြစ်ပြီး
၁၉၄၆ မတ်လ ၈ ရက်နေ့တွင် စတင်တည်ထောင်သည်။
၁၉၄၆ ခုနှစ်တွင် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ရုပ်ရှင်ကောင်စီ အဖြစ်လည်းကောင်း၊
၁၉၇၄ ခုနှစ်တွင် ရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီ အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမည်သို့ ပြောင်းလဲခဲ့သည်။
ဥက္ကဋ္ဌများ
ဦးကြည်စိုးထွန်း (၂၀၀၅ -၂၀၀၇)
ဦးမြင့်သိန်းဖေ (၂၀၀၇ – ၂၀၁၂)
ဦးဇင်ဝိုင်း (၂၀၁၂ – ၂၀၁၃) (၂၀၁၇ – ၂၀၁၉)
ဦးလူမင်း (၂၀၁၃ – ၂၀၁၇)
ဦးညီညီထွန်းလွင် (၂၀၁၉ – ယနေ့ထိ)
ခေတ်အဆက်ဆက်ရုပ်ရှင်အစည်းအရုံးပေါ်ပေါက်လာပုံ
၁၉၄၆ခုနှစ်မှစ၍ အမှတ်(၁၆)။
ဝင်္ကပါလမ်း၊ဗဟန်းမြို့နယ် ရန်ကုန်မြို့တွင် “ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံး”အမည်ဖြင့်စတင်တည်ထောင်ဖွဲ့စည်းခဲ့သည်။
၁၉၆၂ခုနှစ်တွင် “ရုပ်ရှင်ကောင်စီ“ အမည်သို့ပြောင်းလဲခဲ့သည်။
၁၉၇၄ခုနှစ်တွင်“ ရုပ်ရှင်ကောင်စီစည်းရုံးရေးကော်မတီ”အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၁၉၈၉ခုနှစ်မှစ၍ ယနေ့အထိ “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး“အမည်သို့ပြောင်းလဲကာ
“ရုပ်ရှင်သည်ပြည်သူ့အတွက်” ဟူသော ဆောင်ပုဒ်ဖြင့် စည်းရုံးလှုပ်ရှားလျှက်ရှိသည်။