ေသနတ္ ဒဏ္ရာေၾကာင့္ ကြယ္လြန္ သြား ခဲ့ တဲ့ ေမာင္ေဝယံထြန္းရဲ႕ အတြက္ ဆိုင္းႏြန္ရဲ႕ ထူးျခားတဲ့အလႉေလး

ေသနတ္ဒဏ္ရာေၾကာင့္ ကြယ္လြန္သြားခဲ့တဲ့ ေမာင္ေဝယံထြန္းရဲ႕ အတြက္ ဆိုင္းႏြန္ရဲ႕ ထူးျခားတဲ့အလႉေလး

မႏၲေလးမွာ ရဲတပ္ဖြဲ႕ရဲ႕ ပစ္ခတ္မႈေၾကာင့္ေသဆုံးသြားခဲ့ရတဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္

ေမာင္ေဝယံထြန္း ရဲ႕ အိမ္မက္ကို ဆိုင္ႏြန္ေလာ္ရီစကာက ျဖည့္ဆည္းေပးသြားမယ္လို႔

ေဖေဖာ္ဝါရီလ ၂၃ ရက္ ေန႔ က ေရးသားလာခဲ့တာျဖစ္ပါတယ္။

ဆိုင္ႏြန္က အခုလက္ရွိမွာ သူႏိုင္ငံျဖစ္တဲ့ ဖိလစ္ပိုင္ႏိုင္ငံကို ျပန္လည္ေရာက္ရွိေနတာ

ျဖစ္ၿပီးေတာ့ ေဝယံထြန္းရဲ႕ သူအေမကို ဖုန္းဝယ္ေပးခ်င္တယ္ဆိုတဲ့ ဆႏၵကို ျဖစ္ေအာင္ ျဖည့္ဆည္းေပးသြား မယ္လို႔လည္း ဆိုထားပါတယ္။

“ေသနတ္ပစ္ခံခဲ့ရတဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္ ေကာင္ေလးရဲ႕

အိမ္မက္က သူ႔အေမကို ဖုန္းေလးတစ္ လုံးဝယ္ေပးခ်င္တာတဲ့။

ကြၽန္ေတာ္သူ႔ဆႏၵကို ျဖည့္ေပးခ်င္တယ္။

ဖုန္းတစ္လုံးဝယ္ႏိုင္ေအင္ လုံေလာက္ တဲ့ေငြ ပမာဏ သူ႔အေမဆီကို ကြၽန္ေတာ္ ပို႔ေပးမွာပါ။

ၿငိမ္းခ်မ္းစြာ အနားယူပါေတာ့ ေမာင္ေဝယံထြန္း ေရ” လို႔ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားထားတာပါ။

အသက္ ၁၆ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေမာင္ေဝယံထြန္းဟာ မိခင္ျဖစ္သူကို

ရွာေကြၽးေနတဲ့ ပရဟိတ သမားတစ္ဦးလို႔လည္း လူသိမ်ားပါတယ္။

သူကြယ္လြန္ၿပီးေနာက္မွာေတာ့ သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ မႏၲေလး ၄၁ လမ္း

ဟင္းသီးဟင္း႐ြက္ေဈးကို ‘ေဝယံထြန္း’ ေဈးလို႔ ေျပာင္းေခၚေနၾကၿပီလည္း ျဖစ္ပါ တယ္။

သိမ့္

unicode

သေနတ်ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့တဲ့ မောင်ဝေယံထွန်းရဲ့ အတွက် ဆိုင်းနွန်ရဲ့ ထူးခြားတဲ့အလှူလေး

မန္တလေးမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ်

မောင်ဝေယံထွန်း ရဲ့ အိမ်မက်ကို ဆိုင်နွန်လော်ရီစကာက ဖြည့်ဆည်းပေးသွားမယ်လို့

ဖေဖော်ဝါရီလ ၂၃ ရက် နေ့ က ရေးသားလာခဲ့တာဖြစ်ပါတယ်။

ဆိုင်နွန်က အခုလက်ရှိမှာ သူနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို ပြန်လည်ရောက်ရှိနေတာ

ဖြစ်ပြီးတော့ ဝေယံထွန်းရဲ့ သူအမေကို ဖုန်းဝယ်ပေးချင်တယ်ဆိုတဲ့ ဆန္ဒကို ဖြစ်အောင် ဖြည့်ဆည်းပေးသွား မယ်လို့လည်း ဆိုထားပါတယ်။

“သေနတ်ပစ်ခံခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးရဲ့

အိမ်မက်က သူ့အမေကို ဖုန်းလေးတစ် လုံးဝယ်ပေးချင်တာတဲ့။

ကျွန်တော်သူ့ဆန္ဒကို ဖြည့်ပေးချင်တယ်။

ဖုန်းတစ်လုံးဝယ်နိုင်အေင် လုံလောက် တဲ့ငွေ ပမာဏ သူ့အမေဆီကို ကျွန်တော် ပို့ပေးမှာပါ။

ငြိမ်းချမ်းစွာ အနားယူပါတော့ မောင်ဝေယံထွန်း ရေ” လို့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာပါ။

အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ မောင်ဝေယံထွန်းဟာ မိခင်ဖြစ်သူကို

ရှာကျွေးနေတဲ့ ပရဟိတ သမားတစ်ဦးလို့လည်း လူသိများပါတယ်။

သူကွယ်လွန်ပြီးနောက်မှာတော့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး ၄၁ လမ်း

ဟင်းသီးဟင်းရွက်ဈေးကို ‘ဝေယံထွန်း’ ဈေးလို့ ပြောင်းခေါ်နေကြပြီလည်း ဖြစ်ပါ တယ်။

သိမ့်

Add a Comment

Your email address will not be published. Required fields are marked *