ညကင္းေစာင့္တဲ့ သူရဲေကာင္းေတြကို အစားအေသာက္မ်ား လႉခဲ့တဲ့အျပင္ သူကိုယ္တိုင္လည္း ပါဝင္ကာ ကင္းေစာင့္ေပး ခဲ့တဲ့ နန္းသီရိေမာင္

နန္းသီရိေမာင္ကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈ ကို အခိုင္အမာ ရရွိထားတဲ့ အႏွပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။သူမကေတာ့ ခ်စ္စရာေကာင္းတဲ့ အၿပဳံးေလးေတြနဲ႔ ဆြဲေဆာင္မႈရွိၿပီး အသည္းယားစရာေကာင္းတဲ့ ပုံရိပ္ေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကို အခိုင္အမာ ရယူထားတဲ့ ျပည္သူခ်စ္ အႏုပညာရွင္တစ္ေယာက္ပါ ။

နန္းကေတာ့ ခုျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြ နဲ႔အတူ ေန႔စဥ္နဲ႔အမွ် အားမေလ်ာ့ဘဲ ရပ္တည္ကာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္လ်က္ရွိေနတာကို အားလုံးျမင္ေတြ႕ရမွာပါေနာ္။ လူထုလႈပ္ရွားမႈေတြဟာလည္း တစ္ရက္ၿပီးတစ္ရက္ အားေကာင္းလာေနတာျဖစ္သလို ႏိုင္ငံတကာရဲ႕ အထူးစိတ္ဝင္စားျခင္းကို ခံေနရတာလည္းျဖစ္ပါတယ္။

အခုလည္း နန္းတစ္ေယာက္ ညဘက္ကင္းေစာင့္ေနတဲ့ သူရဲေကာင္းမ်ားကို အစားအေသာက္ အဆင္ေျပေစရန္ ဖက္ထမင္းနဲ႔ၾကက္သားဟင္းမ်ားစြာကို လႉခဲ့တဲ့အျပင္ သူကိုယ္တိုင္လည္း တစ္ေထာင့္တစ္ေနရာကေနပါဝင္ကာ ဝိုင္းကူကင္းေစာင့္ေပးခဲ့ေၾကာင္းပုံေလးေတြနဲ႔တကြခုလိုေရးသားေဝမွ်ခဲ့တာ ျဖစ္ပါတယ္။”ညကင္း သူရဲေကာင္းညီအကိုေတြအတြက္ ဖက္ထမင္း ၾကက္သားဟင္းလႉတယ္ခမ်ာ.. က်ား ေတြ မေတြ မခြဲပါနဲ႔ေတာ့ခမ်ာ..ကိုယ့္ရပ္ကြက္ ကိုယ့္ျပည္သူ ကိုယ့္ႏိုင္ငံ အတြက္ ကင္းေစာင့္တယ္ ခမ်.. ေမာင္ႏွမေတြ လူညီတယ္ “ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Source & Photo Credit : Nang Thiri Maung Facebook Account

unicode
နန်းသီရိမောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ကို အခိုင်အမာ ရရှိထားတဲ့ အနှပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ဆွဲဆောင်မှုရှိပြီး အသည်းယားစရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရယူထားတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ပါ ။

နန်းကတော့ ခုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။ လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာနေတာဖြစ်သလို နိုင်ငံတကာရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

အခုလည်း နန်းတစ်ယောက် ညဘက်ကင်းစောင့်နေတဲ့ သူရဲကောင်းများကို အစားအသောက် အဆင်ပြေစေရန် ဖက်ထမင်းနဲ့ကြက်သားဟင်းများစွာကို လှူခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း တစ်ထောင့်တစ်နေရာကနေပါဝင်ကာ ဝိုင်းကူကင်းစောင့်ပေးခဲ့ကြောင်းပုံလေးတွေနဲ့တကွခုလိုရေးသားဝေမျှခဲ့တာ ဖြစ်ပါတယ်။”ညကင်း သူရဲကောင်းညီအကိုတွေအတွက် ဖက်ထမင်း ကြက်သားဟင်းလှူတယ်ခမျာ.. ကျား တွေ မတွေ မခွဲပါနဲ့တော့ခမျာ..ကိုယ့်ရပ်ကွက် ကိုယ့်ပြည်သူ ကိုယ့်နိုင်ငံ အတွက် ကင်းစောင့်တယ် ခမျ.. မောင်နှမတွေ လူညီတယ် “ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Nang Thiri Maung Facebook Account

Add a Comment

Your email address will not be published. Required fields are marked *