အမှန်တရား အတွက် တိုက်ပွဲဝင် နေတဲ့ အဘိုးဖြစ်သူ ဘေးကင်းစေဖို့အတွက် ဆုတောင်း နေတဲ့ လေပြေသွေး







လူထု အတွက်ရော မိသားစုအတွက်ရော လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးလည်းတင်ပါတယ်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ဦးဇင်ဝိုင်းတစ်ယောက် အမြန်ဆုံး လွတ်မြောက်အောင် Speak Out များများ လုပ်ပေးကြဖို့ တောင်းဆိုလိုက်ပါရစေနော်။


unicode

သရုပ်ဆောင် ဇင်ဝိုင်းကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် မမောနိုင်မပန်းနိုင် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့တာကြောင့် လူငယ်များက အတုယူခဲ့ရတာပါ။ ဒီလိုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကြောင့် ဦးဇင်ဝိုင်းအား ဒီနေ့ညနေမှာ သူနေထိုင်တဲ့ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရတာပဲ ဖြစ်ပါတယ်။

အနုပညာရှင်အသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများနဲ့ သူ့ကို အားပေးနေကြတဲ့ ပရိသတ်တွေ ကလည်း ဦးဇင်ဝိုင်း ဖမ်းဆီးခံရတဲ့ သတင်းကြောင့် ဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ဦးဇင်ဝိုင်းရဲ့ မြေးဖြစ်သူ လေပြေသွေးရဲ့ Instagram Story တွင် အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အဘိုးဖြစ်သူ ဘေးကင်းစေ ဖို့အတွက် ဆုတောင်းနေကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

” အဘိုးကိုဒီနေ့ခေါ်သွား ခြင်းခံရပြီး ဘယ်ကိုခေါ်သွားတယ် ဆိုတာကိုလည်းမိသားစုကိုပြောမသွားကြောင်း

ဒီအချိန်မှာလုပ်နိုင်တာက အဘိုးကျန်းမာဖို့နဲ့ဘေးကင်းဖို့ပဲ ဆုတောင်းနိုင်ပါတယ် ”

” ကြောက်နေတာတွေတကယ်ဖြစ်လာပါပြီ ဒါပေမဲ့လူထုနဲ့ အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ အဘိုးကို အရမ်းဂုဏ်ယူတယ် ဒီပွဲမှာရှုံးတာကအဓိကမဟုတ်ဘူး ပိုပြီးပြင်းပြင်းထန်ထန်တိုက်ရမယ်လို့ပဲမှတ်ယူမိတယ်

အဘိုးကို ချစ်တယ် ပြီးတော့ဘေးကင်းဖို့ ဆုတောင်းနေပါတယ်

င်းဆိုလိုက်ပါရစေနော်။

Source and Photo Crd-Lay Pyay Thway’s IG And Htay Lwin’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *